3. Don't talk to me.

416 69 36
                                    

ရစ်ခီ ဘာပြန်ပြောရမှန်းမသိဘူး။ ရှိသမျှ တွေးခေါ်နိုင်တဲ့ အတွေးအကုန် အေးစက်နေတဲ့လေထုထဲ အငွေ့ပျံပြီး ပျောက်ကွယ်သွားသလိုပဲ။ ထယ်ရယ်က သူ့ကို ဆက်ပြီး စိုက်ကြည့်နေတယ်။ ရစ်ခီ ချွေးပြန်လာတဲ့ လက်ဖဝါးတွေကို ဘောင်းဘီစအပေါ်မှာ တင်းတင်းဆုပ်ကိုင်လိုက်တယ်။

ဘယ်ကနေ သိသွားတာပါလိမ့်။ ဘယ်လို သိသွားတာပါလိမ့်။ ဘာလို့ ထယ်ရယ်က ဒေါသထွက်နေဟန်ပေါက်နေတာလဲ။ သူ ဂေးဖြစ်နေလို့ မုန်းသွားတာလား။ ထပ်ပြီး သူငယ်ချင်းလုပ်လို့မရတော့ရင် ဘယ်လိုလုပ်ရမလဲ။ ရစ်ခီ အောက်နှုတ်ခမ်းကို ဖိကိုက်မိပြန်တယ်။

"ရစ် ခီ ရှန် ဖြေလေ"

သူ စိတ်ထင်တာမဟုတ်တော့ဘူး။ ထယ်ရယ် လေသံက တကယ်ကို ဒေါသထွက်နေတာ။ ရစ်ခီ ထယ်ရယ် နာမည်ကိုခေါ်ဖို့လုပ်ပေမယ့် သက်ပြင်း တစ်ချက်ရှိုက်လိုက်ပြီး မခေါ်ဖြစ်လိုက်ဘူး။ မခေါ်လိုက်နိုင်ဘူး။

"အဲ့ကောင်လေးက ဘယ်သူလဲ"

ဂျယ်ယွန်းက သူ့ကိုနမ်းတာကို မြင်သွားတာလား။ အဲ့တာကြောင့် သိသွားတာပေါ့။ အဖြေကိုရှာတွေ့လို့ စိတ်သက်သာရာရမယ့်အစား ပိုပြီး နှလုံးခုန်သံတွေသာ မြန်လာတယ်။ သူ ဘာလို့ အဲ့ချိန်တုန်းက ထယ်ရယ်ကို မမြင်မိလိုက်ရတာလဲ။ တစ်ခေါက်လောက် သူတို့တိုက်ဘက်ကို ကြည့်လိုက်ရမှာ။ ရစ်ခီ သူ့ကိုယ်သူ အပြစ်တင်ပြီးရင်း တင်မိပြန်တယ်။

"ကောင်းတယ် အခုတော့ ငါ့စကားတောင် ပြန်မဖြေတော့ဘူးပေါ့"

ထယ်ရယ် အသံတွေ တုန်နေတယ်။ သူ အားယူပြီး နောက်တစ်ခေါက် မျက်လုံးချင်းဆိုင်ကြည့်လိုက်တော့ ထယ်ရယ်မျက်ဝန်းတွေ အရောင်လဲ့နေတယ်။ ပျော်နေတဲ့အချိန် အရောင်လဲ့တာမျိုးမဟုတ်ဘဲ ဘာလုပ်ရမယ်မှန်းမသိတဲ့အချိန် လမ်းပျောက်နေတဲ့အချိန် အရောင်လဲ့နေသလိုမျိုး။ ထယ်ရယ် မျက်ရည်ဝဲနေတာလား။ ရစ်ခီ နှလုံးသားထဲ စူးအောင့်လာပြန်တယ်။ သူ ထယ်ရယ်ကို ဝမ်းနည်းအောင် လုပ်မိပြီလား။

"ထယ်ရယ် hyung? ရစ်ခီကော? ဘာလုပ်နေကြတာလဲ အဲ့မှာ"

အဆောင်ခန်းကို ပြန်လာတဲ့ ဂယူဘင်းရဲ့မေးခွန်းကြောင့် သူ လှည့်ကြည့်မိတယ်။ ဂယူဘင်းကတော့ အခြေအနေကို အကဲခတ်နေပြီး နားမလည်တဲ့ပုံနဲ့ ငေးကြည့်နေတယ်။ ထယ်ရယ် ဒီလောက်စိတ်တိုနေတာမျိုးမတွေ့ဖူးသလို ရစ်ခီ ဒီလောက်ထိဝမ်းနည်းနေတာမျိုးလည်း မတွေ့ဖူးဘူး။ ပုံမှန်ရန်ဖြစ်တာမျိုးမဟုတ်လောက်မယ့်အတွက် ဂယူဘင်း ဒီထက်ပိုဝင်မပါဖို့ ဆုံးဖြတ်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jun 11, 2023 ⏰

Add this story to your Library to get notified about new parts!

Backburner Where stories live. Discover now