part.44(uni&zawgyi)

1.3K 56 5
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

         အပိုင်း(၄၄)
         🌸🌸🌸

"ကိုယ်​​တောင်းပန်​ပါတယ်​..ချာတိတ်​ရယ်​...."

"အခုမှ..လာ​တောင်းပန်​မ​နေနဲ့..ရှင်​..အသင့်ကို..
အကြာကြီးပစ်​ထားတာ..အသင်​ရှင့်ကိုအရမ်းမုန်းတယ်​
သိလား..ဟင့်..ဟင့်..."

​ပြောလဲ​ပြော..ငိုလဲငိုနှင့်သူမက​နေ့​ကျောပြင်​ကို
လက်​သီးဆုပ်​​လေး​တွေနှင့်ထုရိုက်​​နေသည်​။​နေ..
သူမရဲ့..​လွမ်း​ဒေါသ​တွေကို​ကျေနပ်​စွာခံယူ​နေရင်း
ခနာ္တကိုယ်​​လေးကို..လွတ်​ထွက်​သွားမှာစိုးသည့်
အလား..တင်းတင်းကြပ်​ကြပ်​​ပွေ့ဖက်​ထားတဲ့..
လက်​​​တွေက..​ပြေ​လျော့မသွားခဲ့...၊

ချစ်​သူနှစ်​​ယောက်​အလွမ်းသယ်​​နေကြတာကို...
​မေနွမ်းအပါအဝင်​ဧည့်ခန်းထဲမှာရှိ​နေတဲ့သူ​တွေ
အားလုံးက..မကြည့်သင့်​လို့ခေါင်းငုံ့ထားကြ​ပေမဲ့
ရင်​ထဲမှာ​တော့..ဝမ်းသာကြည်​နူး​ခြင်းများနှင့်သာ။

ဒါ​ပေမဲ့..အားလုံးနဲ့ဆန့်ကျင်​စွာ..ထိုကြည်​နူးစရာ
မြင်​ကွင်း​လေးကိုစိုက်​ကြည့်​နေမိတဲ့ဂျိမ်းက​တော့....

"ဟင်း..."

အလိုမကျသလို..သက်​ပြင်းတစ်​ချက်​နှင့်..မျက်​နှာ
လွှဲလိုက်​​လေ​တော့၏။

~~~~~~~~~~~💜💜💜

"အသင်​....ခဏ​နေဦး​လေ...ချာတိတ်​..."

​နေ..လှမ်း​ခေါ်ရင်း..အ​​ရှေ့က​နေအ​ပြေးတစ်​ပိုင်း​လေး
လှမ်း​နေတဲ့..သူမရဲ့​နောက်​က​နေ....​ခြေလှမ်းကြဲကြီး
​တွေနှင့်..လိုက်​လာခဲ့ရသည်​။

"​နေဦးလို့​ပြော​နေတာကိုကွာ...."

သူမကို..မှီသွားနှင့်..လက်​​မောင်း​လေးကိုလှမ်းဆွဲ
လှည့်လိုက်​​တော့..သူမခန္ဓာကိုယ်​​လေးတစ်​ပါတ်​လည်​
သွားကာ..​နေ့ဘက်​ကိုမျက်​နှာချင်းဆိုင်​​လေးလှည့်
လာ၏..ခုထိမျက်​ရည်​မ​ခြောက်​​သေးတဲ့မျက်​ဝန်း
​လေး​တွေနှင့်..သူမက..နူတ်​ခမ်း​လေး​ထော်​​နေပြန်​​တော့..
​နေ..သ​ဘောကျစွာပြုံးလိုက်​မိရင်း...၊

"ကိုယ့်ကိုစိတ်​ဆိုး​နေတာလား...."

ဪ...​မေးတတ်​တယ်​​နော်​..လူကိုအကြာကြီး
ပစ်​ထားတုန်းကထားပြီး​တော့...၊

စေတန်ရဲ့သတို့သမီးWhere stories live. Discover now