part.45(uni&zawgyi)

1.2K 47 8
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

          အပိုင်း(၄၅)
          🌸🌸🌸

​နေ..လက်​တေ့ပ်​ကိုပိတ်​ပြီး....ခပ်​​ဝေး​ဝေးကိုတွန်း​ရွေ့လိုက်​
တာက..စိတ်​ပျက်​လက်​ပျက်​နှင့်ဖြစ်​သည်​။

"အာရုံ​ကြော​တွေနဲ့ပါတ်​သတ်​တဲ့ သာမာန်​မဟုတ်​တဲ့..
ခွဲစိတ်​မူ့..."

ဆိုတဲ့..အုပ်​စိုး​ပြောခဲ့တဲ့စကားကိုပြန်​ကြား​ယောင်​​နေမိရင်း
နဖူးကိုလက်​​ချောင်း​တွေနှင့်..ဖိ​ထောက်​ထားရင်းမှ..
​ခေါင်းကိုဆတ်​ခနဲခါထုတ်​လိုက်​မိပြန်​၏။

​နေ့ကိုသိပ်​ချစ်​တဲ့..ပါပါးအတွက်​
ပျောက်​ဆုံး​နေတဲ့..အတိတ်​ကိုဘယ်​​တော့မှ...
ပြန်​မတူး​ဖော်​ဖို့ဆုံးဖြတ်​ထားခဲ့​ပေမဲ့...အာရုံထဲက
က​လေးမ​လေးရဲ့..အပြစ်​ကင်းတဲ့မျက်​နှာ​လေးက
​နေ့ကို..အမြဲတ​စေ​ခြောက်​လှန့်​နေခဲ့စမြဲ...၊

"ဟင်း..."

​ခပ်​ပြင်းပြင်းချလိုက်​တဲ့သက်​ပြင်းတစ်​ရိူက်​နှင့်အတူ..​နေ
စားပွဲမှထကာ.အလုပ်​ခန်းထဲကလှမ်းထွက်​လာခဲ့
သည်​။စိတ်​ထဲမှာလဲ..မဝင်​စဖူးဝင်​လာရတဲ့စိုးရိမ်​
စိတ်​​တွေ.....၊

"ငါဘာ​တွေ​စိုးရွံ့​နေတာလဲအစထဲက.ငါ့ဘဝကသာမာန်​မှ
မဟုတ်​ခဲ့တာ...လျို့ဝှက်​ချက်​​တွေ၊နာကျင်​မူ့၊အထီးကျန်​မူ့
​တွေနဲ့...နှစ်​​ပေါင်းများစွာငါရှင်​သန်​လာခဲ့ပြီးပြီပဲ
​ပျောက်​ဆုံး​နေတဲ့..ငါ့ငယ်​ဘဝရဲ့အတိတ်​မှတ်​ညဏ်​
​တွေက..ငါ့ဘဝရဲ့အကြီးမားဆုံးလျို့ဝှက်​ချက်​
ဖြစ်​ခဲ့မယ်​ဆိုရင်​​တောင်​..ဘယ်​​လောက်​ဆိုးဝါးတဲ့
ရလာဒ်​မျိုးပဲဖြစ်​ဖြစ်​ငါသည်းခံနိုင်​မှာပါ..."

ကိုယ့်ကိုကိုယ်​အား​ပေး​နေခဲ့ရင်း..တစ်​လှမ်းခြင်း
လှမ်း​နေတဲ့​ခြေလှမ်း​တွေက​လေးလံစွာဖြင့်....၊

အခန်း​ရှေ့မှာ​ခြေစုံရပ်​ပြီး..တံခါးဖွင့်ရန်​ပြင်​လိုက်​စဉ်​
မျက်​ဝန်း​ထောင့်မှာ..မြင်​လိုက်​ရတဲ့ပုံရိပ်​​လေး​ကြောင့်
​နေ..လှည့်ကြည့်လိုက်​မိ​​တော့....၊

ခြံထဲကခူးလာဟန်​တူသည့်..နှင်းဆီပန်း​လေး​တွေကို
​ပွေ့ပိုက်​ကာ..နံနက်ခင်းနဲ့​​​အပြိုင်​​လတ်​ဆတ်​တဲ့
အပြုံး​လေးနှင့်​လျှောက်​လှမ်းလာ​နေတဲ့..​နေ့ရဲ့ချာတိတ်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now