part.46(uni&zawgyi)

1.1K 48 9
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

       အပိုင်း(၄၆)
       🌸🌸🌸🌸

"ချမ်း...အသင်္ချေဆိုတဲ့..အသင့်ရဲ့ကိုကိုချမ်း...."

"ဟင်​....."

အံ့ဩမယုံကြည်​နိုင်​ခြင်းများနှင့်အတူ...အသင်​
ဖုန်းကိုင်​ထားလျက်​နှင့်..ဖျပ်​ခနဲထရပ်​လိုက်​မိသည်​။

"ကိုကို...."

တစ်​ချိန်​လုံးတမ်းတ​နေခဲ့ရတဲ့....နာမ်​စားတစ်​ခုကို
နူတ်​က​နေ​ရေရွတ်​လိုက်​မိတဲ့အခိုက်​အတန့်...ရင်​ဝ
ဆီကစူး​အောင့်နာကျင်​သွားတဲ့​ဝေဒနာက..အခံရခက်​
လှစွာ.....

"ကိုကို..ကတိမတည်​ခဲ့မိတာ​တောင်းပန်​ပါတယ်​..
ညီမ​လေး..ခွဲစိတ်​ပြီးတဲ့အထိရှိမ​နေ​ပေးနိုင်​ခဲ့လို့
တစ်​သက်​လုံး​စောင့်​ရှောက်​သွားမယ်​ဆိုတဲ့ကတိကို
မတည်​နိုင်​ခဲ့လို့..တစ်​ကယ်​ပဲ​တောင်းပန်​ပါတယ်​...
အသင်​ရယ်​..."

ခံစားချက်​တစ်​မျိူးနှင့်..လိူက်​ခါ​နေတဲ့ဩရှရှအသံကို
နား​ထောင်​​နေရင်း...ပါးပြင်​သို့စီးကျလာတဲ့မျက်​ရည်
များက..အတားအဆီးမဲ့စွာ...၊

"ကိုကိုတစ်​ကယ်​ပဲလား..တစ်​ကယ်​ပဲအသင့်ရဲ့
ကိုကိုချမ်းလား...."

​မေးလိုက်​မိတဲ့စကားသံက..ရိူက်​သံတစ်​ဝက်​နှင့်
ဗလုံးဗထွးဖြစ်​​နေခဲ့သည်​။

"နှစ်​​တွေအကြာကြီး..ညီမ​လေးနဲ့ပြန်​​တွေ့ဖို့....
ုကြိုးစားခဲ့ရတာ..၁၂နှစ်​​တောင်​ကြာခဲ့ပြီပဲ.....
ကျေးဇူးတင်​ပါတယ်​...ကျန်းကျန်းမာမာနဲ့အသက်​ရှင်​ပြီး
​ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်းလာခဲ့​ပေးလို့....ကိုကို့ရဲ့ညီမ​လေး...."

ငိုချင်​စိတ်​ကိုကြိုးစားထိန်းချုပ်​ထားရသလို...
အက်​ရှ​နေတဲ့တစ်ဖက်က​​စကားသံအဆုံး...အသင်​ဟီးခနဲ
ငိုချလိုက်​မိ​လေ​တော့၏။

~~~~~~~~~~~~~🌺🌺🌺

"အသင်​​ရော......"

​နေ..​မေးရင်းစားပွဲ​ပေါ်ဝင်​ထိုင်​လိုက်​လျှင်​...​မေနွမ်းက
အဆင်​သင့်​ဖျော်​ထားတဲ့..​ကော်​ဖီနှင့်အတူဂျာနယ်​
တစ်​​စောင်​ကိုပါ..လာချ​ပေးရင်း...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now