part.47(uni&zawgyi)

1.8K 84 12
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

          အပိုင်း(၄၇)
          🌸🌸🌸🌸

"​ဝေါ..ဝ​ရော..ဂျိမ်း...."

တစ်​ညလုံးမစဲနိုင်​​အောင်​ရွာသွန်း​နေတဲ့...မိုးနဲ့အတူ
အိပ်​မရခြင်းက..​နေ့ကိုနှိပ်​စက်​​နေသည်​။

"ဟင်း...."

​မွေ့ယာ​ပေါ်ဟိုလူးဒီလိမ့်နှင့်သက်​ပြင်းချ​နေမိတာကလဲ
အခါခါ....အချိန်​ကလဲ..သန်း​ခေါင်​​ကျော်​​နေပြီ..
ဘယ်​လိုမှအိပ်​မရတဲ့အဆုံး...​နေ..အိပ်​ယာ​ပေါ်က​နေ
အသာထထိုင်​လိုက်​သည်​။

​စားပွဲ​ပေါ်က..စီးကရက်​ဘူးထဲက..​စီးကရက်​...
တစ်​လိပ်​ကို...ထုတ်​ယူကာ..မီးညှိပြီးတစ်​ရိူက်​ဖွာ
လိုက်​သည်​။မူတ်​ထုတ်​လိုက်​တဲ့..​ဆေးလိပ်​​ငွေ့
ဖြူဖြူ​တွေကိုအ​ကြောင်းမဲ့လိုက်​​ငေး​နေခဲ့ရင်း...

"ဒီအတိုင်းမသွားပါနဲ့ဆိုပြီး....ဆွဲထား​ပေးလို့...
မရဘူးလား..အဲ့လိုဆို..အသင်​..."

မျက်​ရည်​လည်​ရွဲနဲ့သူမမျက်​နှာ​လေးကိုမြင်​​ယောင်​
မိသွားပြန်​​တော့..ခပ်​ပြင်းပြင်းရိူက်​လိုက်​မိတဲ့..
သက်​ပြင်းတစ်​ရိူက်​....

တစ်​ကယ်​ဆို..သူမကို..ဒီလိုစကား​တွေ​ပြောခဲ့မိလို့
ကိုယ်​နာကျင်​ရတာ..ကိုယ်​သာအသိဆုံး.......

"ဒါ​ပေမဲ့လဲ..ကိုယ်​သိချင်​တယ်​....မင်းရဲ့နှလုံးသား
ထဲမှာ..ကိုယ်​က..ဘယ်​အတိုင်းအတာထိနက်​ရိူင်းတဲ့
​နေရာမှာရှိ​နေတာလဲဆိုတာ..ကိုယ်​သိချင်​တယ်​..."

အမြဲတမ်း..ကိုကိုဆိုတဲ့နာမ်​စားတစ်​ခုကိုပါးစပ်​ဖျားက
မချခဲ့တဲ့သူမ...အဲ့ဒီလူအ​ကြောင်း​ပြောလိုက်​တိုင်း
ဝမ်းနည်းရီ​ဝေသွားတဲ့သူမရဲ့မျက်​ဝန်း​တွေ..

တစ်​ကယ်​ဆို..ကိုကိုဆိုတဲ့လူတစ်​​ယောက်​က..သူမရဲ့
နှလုံးသားထဲမှာ..နှစ်​​ပေါင်းများစွာရှင်​သန်​လာခဲ့သူ...ဒါဆို
​​နေကုဋာဆိုတဲ့..သူက​ရော..အသင်္ချေဆိုတဲ့သူမအတွက်​
ဘယ်​လို​နေရာမှာရှိ​နေတာလဲ...??

​နေ..ဆုံး​အောင်​ဆက်​မ​တွေး​တော့ပဲ..စိတ်​ရူပ်​စွာနှင့်
ဆံပင်​​တွေထဲလက်​ထိုးဖွလိုက်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now