B-EB/11

519 23 0
                                    

သင်တန်းကာလ ကြာလာတာနဲ့အမျှ ကောင်း'နဲ့ဆက်ဆံရကလဲ ပိုပိုတိုးလာတယ်။ကောင်း'က ကျွန်တော်နေတဲ့ ကျောက်မြောင်းကို ခဏခဏ အလည်လာတတ်တယ်။သူလာရင် ရုပ်ရှင်သွားကြည့် ကျားကွက်သစ်ထဲ မုန့်ပတ်စားနဲ့ ခင်မင်မှု့ကနေ သံဃောဇဉ်တွေ တဖြည်းဖြည်းရစ်တွယ်လာကျတယ်။

"ဟဲ့! ဟိုနှစ်ယောက် မှန်မှန်ပြောစမ်း ရှင်လေးတို့"

Online ကပဲတက်နေတဲ့ မမလုက ဒီနေ့မှ သင်တန်းကိုပေါက်ချလာပြီး အခန်းထဲဝင်လာတဲ့ ကျွန်တော်တို့ကို စူးစမ်းသလိုမေးနေတာမို့..

"ဟမ် ဘာလဲ မမလုရဲ့?"

ကျောပိုးအိတ်ကို‌ ခုံပေါ်တင်ရင်း သူ့အမေးကို အမေးနဲ့ပဲပြန်ဖြေလိုက်တယ်။

"ဘာ ဘာလဲလဲ ရှင်တို့ ခုအတူလာကျတာမလား"

"အင်းလေ နေ့တိုင်းလဲ အတူလာတာပဲဟာ မမလုကလဲ"

တာယာလင်းလက်က ဟိုတခါကိစ္စအပြီး ကောင်း'ကို ညဖက် လိုင်းပေါ်စကားသွားအပြော ဟိုကဘယ်လိုကောလိုက်လဲ မသိပါဘူး။နောက်ရက်ကစပြီး နောက်အတန်းကိုပြောင်းထိုင်တာမို့ မမလုက ကျွန်တော်တို့အတန်းမှာပဲ ထိုင်နေတာ။

"အတူလာတာက ကိစ္စမဟုတ်ပါဘူး လက်တွဲပြီးလမ်းလျှောက်ရတာနဲ့ ပခုံးလေးကိုင်ပေးရတာနဲ့ ပြောပြော တွဲနေကျတာ မှတ်လား ဟင်?"

နောက်ဆုံးစကားလုံးတွေကို တိုးတိုးလေးကပ်မေးလာတာဆိုပေမယ့်လဲ ကျွန်တော့်မှာ မလုံမလဲနဲ့ အနားက ကောင်း'ကို လှည့်ကြည့်လိုက်မိတယ်။

"ဟာ မဟုတ်တာကြီးဗျာ ကျွန်တော်တို့က ယောက်ျားလေးတွေလေ ဒီလိုတွဲသွားတွဲလာလုပ်တာ အဲ့လိုထင်စရာလား သူငယ်ချင်းတွေဟာကိုဗျာ"

"သူငယ်ချင်း ဟုတ်လား ငါကတော့ မယုံရေးချမယုံပါနော်"

"တကယ်ပါဆိုဗျာ"

"အေး ရှင်လေးကသာ ငြင်းနေ ဟိုက တုတ်တုတ်တောင်မလှုပ်ဘူး ဟုတ်နေရင်လဲ လက်တို့နော် ကျုပ်က ဒါမျိုးတွေအရမ်းသဘောကျတာ"

လာပြန်ပြီ မေဇင်နောက်တစ်ယောက်ဆိုပြီး ကိုယ့်နဖူးသာ ကိုယ်ရိုက်လိုက်ချင်တော့တယ်။

Blue-Eyed boy(Completed)Onde as histórias ganham vida. Descobre agora