part.48(uni&zawgyi)

1.7K 91 0
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

          အပိုင်း(၄၈)
          🌸🌸🌸🌸

လွန်​ခဲ့​သော..၁နာရီ​ကျော်​ခန့်က....

"ဒုန်း...ကျွီ...."

အသင်​စီးလာတဲ့ကားက..အ​နောက်​က​နေပြင်းပြင်း
ထန်​ထန်​ဝင်​​ဆောင့်ခံလိုက်​ရသလို..ကားတစ်​စီးလုံး
ယမ်းခါသွားခဲ့ပြီး...​ကားက​ဆောင့်ရပ်​သွားသည်​။

"အား..."

ကား​နောက်​ခန်းကမှန်​​ဘောင်​နှင့်..အသင့်ရဲ့နဖူးက
ပြင်းထန်​စွာ..​ဆောင့်မိသွားတာ​​ကြောင့်.​..နဖူး​ပေါက်သွားပြီး
​သွေး​တွေစီးကျလာသည်​။

"အား..ကျွတ်​...ကျွတ်​..."

ကား​ရှေ့ခန်းက..ဒရိုင်​ဘာရဲ့ငြီးငြူသံ​ကြောင့်....
လှမ်းကြည့်လိုက်​​တော့လဲ..ဒရိုင်​ဘာရဲ့မျက်​နှာမှာ
​သွေး​တွေကမြင်​မ​ကောင်း​အောင်​ပင်​...

"ကားတိုက်​မိပြီ​ဟေ့..."

"ကားတိုက်​ပြီ..."

ချက်​ချင်းပင်​မိုးသည်းသည်းကြားမှာ..ကား​တွေ​ရော
ဝိုင်းအုံလာတဲ့လူအုပ်​ကြီးက..အသင်​နဲ့..ကားဒရိုင်​ဘာကို
ကားထဲကထွက်​နိုင်​​အောင်​ကူညီ​ပေးကြသည်​။

အဖြစ်​က..မီးနီ​ကြောင့်အရှိန်​​လျော့လိုက်​တဲ့အသင်​တို့
ကားကို..အ​နောက်​ကကားက..အရှိန်​မထိန်းနိုင်​ပဲ
ပြင်းထန်​စွာ..ဝင်​တိုက်​မိခြင်းပင်​....

​ယဉ်​ထိန်းရဲ​တွေ​ရော..လူ​တွေပါ..မိုးသည်းသည်းထဲမှာ
​ရူပ်​ရှတ်​ခတ်​သွားကြသည်​။

"ကဲ...ကဲ...တက္ကစီဒရိုင်​ဘာနဲ့..​ကောင်​မ​လေးကို
​ဆေးရုံပို့ဖို့..လုပ်​ကြပါ......"

"ဟင့်အင်း..ကျွန်​မဘာမှမဖြစ်​ဘူး..ရပါတယ်​...
ဒီဦး​လေးကြီးကိုသာ..​ဆေးရုံပို့လိုက်​ကြပါ..."

"မဟုတ်​ဘူး​လေ..သမီး...သမီးဒဏ်​ရာရထားတယ်​
မဟုတ်​လား......"

ဝင်​ကူညီ​ပေးတဲ့..ဦး​လေးကြီးရဲ့အ​မေး..အသင်​
မိုး​ရေ​တွေရွဲရွဲစို​နေတာ​ကြောင့်...စပ်​ဖျင်းဖျင်း
ဖြစ်​​နေတဲ့..နဖူးကဒဏ်​ရာကို..လက်​နှင့်အုပ်​ကိုင်​
လိုက်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now