ep(17)

2.1K 129 1
                                    

🖤 CAN'T LOSE YOU 🖤









ep(17)





" မွေးနေ့ နီးနေပြီဆိုတော့ အိမ်မှာဘဲ ပြန်လာနေမလား သားငယ် "


ရှောင်ကျန့် မောင့်အကြောင်းတွေးနေတုန်းမှာဘဲ မမငယ်ရဲ့ အမေးစကားကြောင့် အတွေးတွေကို ဖျက်လိုက်တယ် ။ ခု မမငယ်က ပုံမှန်တိုင်းဘဲ စကားပြောနေပြီဆိုတော့ သူ့ကို စိတ်မဆိုးတော့ဘူးဆိုတဲ့ သဘောပေါ့ ။ အိမ်မှာ ပြန်လာနေရမယ်တဲ့ သူစကားနားထောင်လိုက်သင့်ရဲ့လား ။

" ဟို  .. မွေးနေ့က တပတ်လောက် လိုသေးတယ်ဆိုတော့ သားနီးမှ လာနေမယ်လေ မမ "

တပတ်ကြီးတောင် မောင်နဲ့ မခွဲနိုင်ဘူးလေ


" ဘာလို့လဲ ကိစ္စရှိလို့လား သားငယ် ''

" မဟုတ်ပါဘူးမမ စားမေးပွဲနီးနေပြီဆိုတော့ သားသူငယ်ချင်းတွေနဲ့ စာလုပ်ချိန် ပိုရအောင်ပါ "

တိတ်ဆိတ်သွားတဲ့ ကားပေါ်က လူနှစ်ဦးမှာ အိမ်ရောက်တဲ့ထိ စကားတခွန်းမှ မပြောဖြစ်ကြတော့ပေ ။ သူမ သေချာသိတာ တခုတော့ရှိတယ် သူ့တို့ကလေးက အများကြီး ပြောင်းလဲသွားတာဆိုတာ အမတွေ အပေါ်မှာတောင် စိမ်းသွားတယ် အဲ့ဒီရဲ့ တရားခံက သေချာပေါက် ၀မ်ရိပေါ်ဆိုတဲ့ ကောင်ဘဲ ငါ့တို့ကလေးကို ငါတို့ရင်ဘက်ထဲက ဆွဲထုတ်သွားတာသူဘဲ ။ မုန်းစရာ ကောင်းလိုက်တာ  ။


" မားမား "

အိမ်ရောက်တဲ့ဆို ရှောင်ကျန့်တယောက် ဧည့်ခန်းမှာ ထိုင်နေတဲ့ မားမားကို အရင်ပြေးဖက်တော့တာဘဲ

18နှစ်တောင် ပြည့်တော့မယ် ခုချိန်ထိ ကလေးလေး ဖြစ်နေတုန်း

" မမကိုလည်း ဖက်ပါအုံး "

"'မမ သားသား အရမ်းလွမ်းနေတာ "

" အမလေးတော် ဟုတ်ပါပြီ "

အားလုံးထဲမှ ခုချိန်ထိ တိတ်ဆိတ်နေသူကတော့ Xiao Somaya ပင်  ။ ခုံတခုံမှာ တိတ်တဆိတ် ၀င်ထိုင်ပြီး သူမအတွေးလွန်နေသည် ။







" နောက်ကျလိုက်တာ ဟျောင့် "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now