part.49(uni&zawgyi)

1.7K 75 6
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

          အပိုင်း(၄၉)
          🌸🌸🌸🌸

"မင်း..ဒီ​နေ့ကစပြီး..ကိုယ့်အခန်းထဲမှာပဲ..​နေရမယ်​...
မင်းကခဏခဏ​နေမ​ကောင်းဖြစ်​​နေ​တော့..ကိုယ်​
စိတ်​မချနိုင်​ဘူး...အဲ့ဒါ​ကြောင့်..မင်းလုံးဝ​နေ​ကောင်းသွားတဲ့
အထိ...ကိုယ့်အခန်းထဲမှာပဲ​နေရမယ်​..အသင်​...."

"ရှင်​...."

အသင်​..အာ​မေဋိတ်​သံနှင့်အတူ..မျက်​လုံးပြူးသွားရသည်​။
သူက..​မေနွမ်းတို့ကိုကြည့်ကာ..​ခေါင်းတစ်​ချက်​
ဆတ်​ပြလိုက်​​တော့.....​မေနွမ်းနှင့်​ကောင်​မ​လေး
နှစ်​​ယောက်​က..လက်​ထဲမှာ..ကိုင်​လာတဲ့အသင့်
အဝတ်​အစား​တွေ၊ပစ္စည်း​တွေနှင့်အတူ..သူ့ရဲ့..
အဝတ်​လဲခန်းထဲသို့လှမ်းဝင်​သွားသည်​။

"​နေ....."

အသင်​..​ဆောင့်​ဆောင့်​အောင့်​အောင့်​ခေါ်လိုက်​​တော့
သူက..မချိုမချဉ်​မျက်​နှာနှင့်ငဲ့ကြည့်လာကာ..မျက်​ခုံး
တစ်​ဖက်​ပင့်ပြလိုက်​တာက..​ပြောဆိုသည့်သ​ဘော...

"ဒါ..ရှင့်အကြံမဟုတ်​လား...အသင်​ရှင့်အခန်းမှာ
လုံးဝမ​နေဘူး​နော်​..အသင့်ပစ္စည်း​တွေကို..အသင့်
အခန်းထဲပြန်​ပို့​ပေး...."

"ဘာဖြစ်​လို့လဲ..ကိုယ်​က..မင်း​နေမ​ကောင်းလို့
​စေတနာနဲ့​လေ..ခုနက..Sky​ပြောသွားတာမကြားဘူးလား
မင်း​လုံးဝ​နေမ​ကောင်း​သေးဘူး...​တော်​ကြာ..
ညဘက်​​တွေမှာ..မင်းအဖျားပြန်​တက်​​နေရင်​...ဘယ်​လို
လုပ်​မလဲ..ကိုယ်​လဲမင်းကိုခဏခဏလာပြီး..မကြည့်နိုင်​ဘူး
မ​တော်​လို့..မ​နေ့ကလို..ထပ်​ပြီးသတိလစ်​​နေရင်​......."

​စကားမဆုုံးခင်​သူက..ကုတင်​​ပေါ်မှာ..​ခေါင်းအုံး
နှစ်​လုံးဆင့်ကာ..ခပ်​​လျော့​လျော့​ကျောမှီထိုင်​​နေသည့်
အသင့်​မေးဖျား​လေးကို...
ကိုင်​ကာ..မျက်​နှာ​လေးကိုဆွဲ​မော့လိုက်​ပြီး..

"ဘယ်​လိုလုပ်​မလဲ...."

ချက်​ကျလက်​ကျနှင့်အသင့်ကိုငြင်းမရ​အောင်​..
​ချောင်​ပိတ်​​နေ​တဲ့သူ...၊

"​ပြောရရင်​..ကိုယ့်အခန်းကမင်းအခန်းထက်​အများကြီး
ကျယ်​တာပဲ...ပြီး​တော့အခန်းရဲ့​အပူချိန်​ကိုလဲလိုသလို
ထိန်းချုပ်​လို့ရတယ်​..​နောက်​ပြီး..ကိုယ့်အိပ်​ယာက
အရမ်းအိပ်​​ကောင်းတာမင်းသိတယ်​မဟုတ်​လား..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now