Part-26

1.9K 211 20
                                    

(Unicode)

လက်ထဲအသားညှပ်ပေါင်မုန့်ထုတ်လေးအားကိုင်ရင်း ခြံဝင်းထဲပြေးဝင်လာသူ။ကားအပြင်တွင်ရပ်ကာ‌စောင့်နေ‌သူလေးအားတွေ့လိုက်တော့ အမောပြေသွားသလိုရှိ၏။
အချစ်ကြောင့်အမောလည်းပြေသား။

အဝတ်အစားသေချာပြင်ရင်း
အနားကိုကပ်သွားရင်း လက်ထဲက အသားညှပ်ပေါင်မုန့်လေးကို မျက်နှာမကြည့်ပဲထိုးပေးသည်။

တစ်ဖက်ကသူလေးကလည်း မကြည်သလိုကြည့်ရင်း။

"ဘာလဲ"

"ပိုနေလို့"

"ပိုနေရင် လွှင့်ပစ်လိုက်လေ"

ဘောက်ဆတ်ဆတ်လေသံလေးကြောင့် လူကခပ်အအဖြစ်သွားရသည်။ နင်အောင်ကိုပြောတတ်တာက တစ်ဖက်လူအမြင်မှာတော့တကယ့်ကို မုန်းချင်စရာကြီးပါပဲ။
ဒါပေမဲ့လည်း ကျုပ်အီဟိုယွန်းကြီးက တော့ချစ်ဖို့ကောင်းနေတာလို့ မြင်နေပြန်တော့လည်းခက်သား။

မျက်နှာထားတည်တည်ကြီးဖြစ်နေတဲ့ ဒါရိုက်ဘာ ဟိုယွန်မိုကတော့
ဟိုယွန်းကိုတစ်စက်မှ ကြည့်မရဖြစ်နေပြန်၏။

အလကားလူ။ကျုပ်စီအီအိုကင်မ်ရဲ့
မန်နေဂျာဆိုပြီးဆောင့်ကြွားနေတတ်သူကြီး။အမြင်ကတ်ချင်စရာကြီးပါ။

"လွှင့်ပစ်စရာလား။မင်းကိုစားဖို့ပေးနေတာလေ"

"မစားပါဘူး။ပိုလို့ကျွေးနေတာ အသိအသာကြီးကို"

"အေးလေ။ငါက ဗိုက်အရမ်းဆာနေတော့ နှစ်ခုကုန်မယ်ထင်ပြီး ဝယ်မိတာ။ နောက်တော့ မစားနိုင်တော့လို့"

ယွန်မိုမှ ဟိုယွန်းလက်ထဲ အတင်းအသားညှပ်ပေါင်မုန့်ကိုထည့်ပေးသည်။

"ဟွန့်။မစားနိုင်လို့ လာကျွေးတာ။ငါကလည်း မစားချင်ပါဘူး။ပြန်ယူသွား"

ဟိုကလည်း ကန့်လန့်သမားပီပီ ပြန်ပေး‌ပြန်၏။

"ပိုနေလို့ပါဆို!"

"ငါကလည်း အကျန်တွေမစားဘူးဆို!"

"မင်းမစားရင် ခွေးကျွေးရတော့မှာ"

"အော်။မင်းက ခွေးကျွေးမဲ့ဟာကိုလာကျွေးနေပြန်တာပေါ့"

"မဟုတ်ဘူးလေ"

Pretty Lies(Completed)Where stories live. Discover now