part.50(unicode)

2.1K 67 2
                                    

🌺​စေတန်​ရဲ့သတို့သမီး🌺

         အပိုင်း(၅၀)
         🌸🌸🌸🌸

"အဲ့ဒီအင်္ကျီကို..အခုချက်​ချင်းသွားလဲလိုက်​..."

"ဘာဖြစ်​လို့လဲ..မလဲနိုင်​ပါဘူး..."

အသင်​..သူ့စကားကို​ဘောက်​ဆတ်​ဆတ်​​လေး..
တုံ့ပြန်​လိုက်​လျှင်​...ကုတင်​​ပေါ်မှာ​ခြေချိတ်​ထိုင်​ရင်း..
စီးကရက်​မီးညှိဖ်ို့ပြင်​​နေတဲ့သူက..မီးခြစ်​​ရော​ဆေးလိပ်​ကိုပါ
စားပွဲ​ပေါ်..လှမ်းတင်​ရင်း..ထရပ်​သည်​။

"မင်းဝတ်​ထားတဲ့အင်္ကျီကို..မင်းပြန်​ကြည့်စမ်း...
လူထက်​သုံးဆ​လောက်​ပိုကြီး​နေတယ်​..ကြည့်ရဆိုးသလား
မ​မေးနဲ့...."

"အိပ်​​တော့မှာပဲကို..ဘာဖြစ်​လဲ..."

"အဲ့ဒါဆို..ကိုယ်​ဝယ်​​ပေးထားတဲ့အင်္ကျီ​တွေက..
ဘာလုပ်​မှာလဲ..အကုန်​လွင့်ပစ်​မှာလား..."

​ပြောရင်း..မျက်​​မှောင်​ကြုတ်​​နေတဲ့သူက..အသင့်
နားကို​လျှောက်​လာကာ...လက်​ပိုက်​လျက်​..အသင့်
တစ်​ကိုယ်​လုံးကိုစုန်​ဆန်​ကြည့်သည်။ပြီး​တော့..
အလိုမကျသလို..ကျစ်​ခနဲစုပ်​သပ်​သည်​။

"ဗရုတ်​သုတ်​ခနဲ့ကွာ..သွားလဲစမ်းပါ..."

သူ့စကား​ကြောင့်..အသင်​ကိုယ့်ကိုကိုယ်​ပြန်ုကြည့်
လိုက်​မိသည်​။​ပေါင်​လယ်​ထိဖုံး​နေတဲ့..ရှပ်​အင်္ကျီ
ပွ​ယောင်း​ယောင်းကြီး​ကို..လက်​​တွေ​ရော​ကော်​လံကိုပါ
ကြယ်​သီးစုံတပ်​ထားသည်​။ဒူး​လောက်​ရှိတဲ့ဂျင်းပန်​
အပွ​လေးနှင့်..ဆံပင်​​တွေကိုဒီအတိုင်းဖြန့်ချထားတဲ့
အသင့်ပုံစံက..သူ​ပြောသလို..ဗရုတ်​သုတ်​ခ..ဖြစ်​​နေမှာပါ...

ဒါ​..အသင်​တမင်​​ရွေးချယ်​ပြီးဝတ်​ထားရတာ...
ဒီ​နေ့ကစပြီး..သူ့အခန်းမှာပဲ..အိပ်​ရ​တော့မှာမို့..
သူ့​ရှေ့မှာ..ကြည့်​ကောင်းလှပ​နေလို့မဖြစ်​..​တော်​ကြာ
အသည်းယားတဲ့ပုဒ်​မနှင့်အနိုင်​ကျင့်ခံရဦးမည်​။

"အသင်္ချေ....ကိုယ်​​ပြော​နေတာမကြားဘူးလား...
ညဝတ်​အင်္ကျီသွားလဲ..."

သူထပ်​​အော်​လျှင်​..အသင်​..တမင်​တကာ..ရှပ်​
အင်္ကျီလက်​ဖားဖားကြီးနှစ်​ဖက်​ကို..ဟိုယမ်းဒီယမ်း
လုပ်​ပြရင်း...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now