F.A.T.E

483 69 45
                                    

ငါတို့ရဲ့အနာဂတ်ကိုပြီးပြည့်စုံစေဖို့အတွက်။
အရာအားလုံးထက်မင်းကိုကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက်...
.
.
.
ဒီကြောက်စရာကောင်းတဲ့ကျိန်စာဆိုးကြီးက ဘယ်ကများရောက်လာခဲ့တာလဲ။
ဒီလောက်ရက်စက်တဲ့အပြစ်ဒဏ်ကို ဘယ်သူကများ ခံစားစေခဲ့တာလဲ.
.
.

ငါက အရာအားလုံးကိုဆုံးရှုံးသွားပြီးတဲ့နောက် မသေနိုင်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာခဲ့တယ်။
(Fate)
.
.
.

"ဂူမီဟိုတွေက တစ်ကယ်ချစ်မိသွားတဲ့အခါ တစ်သက်မှာတစ်ယောက်တည်းကိုပဲရင်ထဲမှာသိမ်းဆည်းပြီး နှစ်နှစ်ကာကာချစ်တတ်ကြတယ်တဲ့။

  နှစ်ပေါင်းရာချီထောင်ချီအသက်ရှည်တဲ့ ဂူမီဟိုတစ်ကောင်ဟာ ရာစုနှစ်တစ်ခုစာတောင် ကောင်းကောင်းမရှင်သန်နိုင်တဲ့လူသားတစ်ယောက်ကိုချစ်မိသွားရင် ဘဝကိုအထီးကျန်မှုအပြည့်နဲ့ဖြတ်သန်းရမှာ..
အဲဒါကြောင့် ဂူမီဟိုတွေက လူသားတွေကိုချစ်ဖို့ ဝန်လေးကြတယ်။

ကျွန်တော်လည်းအစက လူသားတစ်ယောက်ကိုချစ်မိဖို့ သိပ်ကိုဝန်လေးခဲ့တာပေါ့..
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မတားဆီးနိုင်ဘဲ ခင်ဗျားကိုချစ်မိခဲ့တယ်။

နှစ်တစ်ထောင်မှတစ်ခါမွေးဖွားလာတဲ့ ရှားပါးဂူမီဟိုမို့ မျိုးနွယ်စုကိုခေါင်းဆောင်ဖို့တာဝန်ရှိနေပေမယ့်
အခုကျွန်တော်က ခင်ဗျားကလွဲပြီးဘာမှမမြင်နိုင်ဘူးဖြစ်နေတယ်။
ကျွန်တော်သာ လူသားတစ်ယောက်အဖြစ်နဲ့ မွေးလာခဲ့ရင် ကောင်းမှာပဲနော် "

ချစ်ရတဲ့ဂူမီဟိုလေးက ကျွန်တော့်ကြောင့် လူသားဖြစ်ချင်သည်တဲ့။

" လူသားတွေက ဂူမီဟိုဖြစ်လို့မရပေမယ့် ဂူမီဟိုကတော့ လူသားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ကြားဖူးတယ် "

" အင်း ဟုတ်တယ် ချစ်ရတဲ့သူရဲ့အသည်းနှလုံးကိုစားလိုက်ရင် လူဖြစ်လာနိုင်တယ်တဲ့ "

ဆောင်ဟွန်းရဲ့ထိုအမေးစကားကို စနောက်ချင်စိတ်နဲ့ဖြေလိုက်တဲ့ကျွန်တော့်ရဲ့အဖြေက ကျွန်တော်တို့နှစ်ယောက်ကို ရက်ရက်စက်စက်နင်းချေလိုက်တော့မယ် ကျိန်စာဆိုးကြီးတစ်ခု ဖြစ်လာခဲ့မှန်း ထိုစဥ်က ကျွန်တော်ကြိုသိခဲ့ရင် အခုလိုစနောက်ပြီး​ဖြေ ခဲ့မှာမဟုတ်ပေ။

SACRIFICE Where stories live. Discover now