ခဏတာမှတစ်သက်တာ(Episode 1)

16.8K 128 5
                                    

ရေးထားတဲ့ဇာတ်လမ်းထဲမှ Character Name များသည်စိတ်ကူးယှဥ်ရုံမျှသာဖြစ်ပါသည်
အပြင်လောကမှတစ်စုံတစ်ယောက်နဲ့တူညီခဲ့သည်ရှိသော်ကြိုတင်တောင်းပန်အပ်ပါသည်

ဆူး ဆူးရတီ အသက်က 26
Construction Company တစ်ခုရဲ့ CEO
အခြား အထည်ချုပ်စက်ရုံ/ကုန်ပစ္စည်းတင်ပို့တဲ့လုပ်ငန်းများကိုလည်းဦးဆောင်လုပ်နေရတဲ့သူတစ်ယောက်လည်းဖြစ်တယ် အသက်ကငယ်သော်လည်း Company တစ်ခုလုံးက ဆူး ဆိုတဲ့အသံကြားတာနဲ့ဖိန့်ဖိန့်တုန်အောင်ကြောက်ရတယ်
အလုပ်တစ်ခုကိုအမှားအယွင်းအစွန်းအထင်းလေးတစ်ခုတောင်အထင်ခံတဲ့သူမျိုးမဟုတ်။ Meeting ကို 8 နာရီချိန်းရင် 9 နာရီလောက်မှရောက်လာတတ်တဲ့သူမျိုးလည်းဖြစ်တယ်။အသန့်အပြန့်အလွန်ကြိုက်ပြီး အနံ့မွှေးမွှေး​လေးတွေကိုသဘောကျတဲ့သူလည်းဖြစ်သည်။အလုပ်လည်းကြိုးစားပြီးအပျော်အပါးသဘောကျတဲ့မိန်းကလေးတစ်ယောက်လည်း​ဖြစ်တယ်။

မိဘတွေက Switzerland မှာနေပြီး မြန်မာပြ​ည်မှာ ဆူးရတီနဲ့သူ့အဘွားနဲ့နှစ်ယောက်ထဲသာနေနေတယ်။ ဆူး တစ်ယောက်ထဲလုပ်ငန်းအစုံကိုင်တွယ်နေရသောကြောင့် မိဘများက အဖော်ရအောင် လက်တွဲဖော်ရှာခိုင်းသော်လည်း
ဆူးတစ်ယောက်စိတ်မဝင်စားချေ။

Meeting နောက်ကျနေပြီဖြစ်၍ ဆူးတစ်​ယောက်
ဓာတ်လှေကားဆီအမြန်ပြေးသွားနေရသည်။ ရုံးတက်ချိန်ကြောင့် ဓာတ်လှေကားစီမှာတန်းစီနေရသည့်အတွက် လှေကားမှသာတက်ရန်ဆုံး​ဖြတ်လိုက်ရသည်။
8 လွှာတက်လိုက်ရသည့်အတွက် ဆူးတစ်ယောက်အလွန်မောနေသည်။ မောသော်လည်း Meeting Room ဆီအမှီပြေးရဖို့ကလည်းရှိသေးသည်။ Meeting Room ထဲတွင်
ခေါ်ထားတဲ့သူအကုန်လုံးကရောက်နေပြီ Meeting စမယ့်သူကခုချိန်ထိမရောက်သေးး။

Meeting မှာ ဆူးတစ်ယောက် Company က မကြိုးစားတဲ့သူတွေကိုအလုပ်ထုတ်မည့်အကြောင်းပြောမည်ဖြစ်သည်။ထိုအကြောင်းပြောမည်ကို Meeting လာတက်သူတစ်​ယောက်မှမသိ။ ဆူး အလုပ်ထုတ်မည့်သူများကလည်း
Meeting လာတက်တဲ့သူတွေပဲဖြစ်သည်။
ဆူးတစ်ယောက် Meeting Room ထဲဝင်လာသည်။
ရောက်နေတဲ့သူများအားလုံးမတ်တပ်ထကာကြိုဆိုကြသည်။ ဆူးတစ်ယောက်ခေါင်းညိမ့်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။ ဆူးတစ်ယောက် ခုံမှာထိုင်ပြီး Mic ကိုဖွင့်ကာ
"Meeting လာတက်တဲ့သူတွေအကုန်ကို Bonus ပေးမည်"ဟုပြောလိုက်သည်။ ထိုအချိန်ထိသူတို့အလုပ်ထုတ်ခံရတော့မည်ကိုသတိမထားမိသေး။ Bonus ပေးမည်ဟူသောစကားကြောင့် အကုန်လုံးလက်ခုပ်လက်ဝါးတီးကားပျော်နေကြသည်။ ဆူးတစ်ယောက် "နေပါအုန်း ပြောစရာစကားကျန်ပါသေးတယ်"ဟုပြောလိုက်မှ အကုန်လုံးငြိမ်သွားကြသည်။ ဆူးတစ်ယောက် ထိုင်နေရာမှထလိုက်ကာ "အကုန်လုံး Bonus ယူ မနက်ဖန်ကစပြီးအလုပ်ဆင်းစရာမလိုတော့ဘူး"ဟုပြောလိုက်ကာ Meeting Room ထဲမှပြန်ထွက်လာလိုက်သည်။ဆူး၏ခြေလှမ်းများကသူမ၏ရုံးခန်းသို့ဦးတည်နေသည်

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 15, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ခဏတာမှတစ်သက်တာDonde viven las historias. Descúbrelo ahora