Part 3

273 9 4
                                        


မြကျွန်းညို မေ့လဲသွားသည် ဟု ကြားရတော့ ဒေါ်နှင်းပွင့်ဖြူရဲ့ နှလုံးခုန်နှုန်းတွေ
ဆောင့်တက် သွားသည်။

ချက်ချင်းအခန်းထဲလိုက်သွားတော့ ကလေးမလေးဟာ မြေပြင်မှာလဲလျောင်းနေပြီ။မျက်စိတွေပြာပြီး နှင်း ဘာကိုမှမစဉ်းစားနိုင်တော့ပါ။ ခြေမပိုင်မိလက်မကိုင်မိတွေဖြစ်နေလို့ ဘေးကဆရာမကအရေးက‌ေပါ်ကား လှမ်းခေါ်ပေးရသည်။

ဆေးရုံကို လိုက်သွားဖို့ ဆရာမကြီးက နှင်းကို
တာဝန်ပေးလေသည်။ နှင်း သိပ်စိတ်ပူနေတာကိုသူသိပေလိမ့်မည်။ အရေးပေါ်ကား ပေါ်မှာ သွား‌နေသည့်တစ်လျှောက်လုံး ကလေးရဲ့လက်ကိုကိုင်ကာ နှင်း ဘုရားစာကိုရွတ်နေမိသည်။

နှင်းတတ်နိုင်သည်မှာ ဆုတောင်းဖို့သာရှိသည် မဟုတ်ပါလား။နှင်း တတ်နိုင်သည့် ဘက်မှကလေးကို ကူညီပေးချင်သည်။

ကလေးမလေးကသေးသေးကွေးကွေးလေး
အားမရှိသည့်အတွက် ခုခံစွမ်းအားလဲ ရှိမည်မဟုတ်။ ကလေးအတွက် သိပ်စိတ်ပူမိသည်။ ကလေးသည် နုနုနယ်နယ်။

ဆေးရုံရောက်တော့ နှင်း ဆရာဝန်နှင့် စကားပြောရသည်။

"စိုးရိမ်စရာသိပ်မရှိပါဘူး ကလေးကစိတ်ဖိစီးမှုများသွားတဲ့အချိန် အားလဲမရှိတာကြောင့် ဖြစ်တဲ့သဘောပါ။ မနက်ဖြန်လောက်ဆိုရင် ဆေးရုံဆင်းလိုက်ပေါ့။ ခဏခဏဖြစ်ရင်တော့စိတ်ပူရပါတယ် ။အခုတော့ ဘာမှမဖြစ်သေးပါဘူး။ သူခဏနေရင် နိုးလာလိမ့်မယ်"

ဘာမှမဖြစ်လို့နှင်း တစ်ယောက်စိတ်အေးသွားရတယ်။မေ့နေသောကလေး၏ မျက်နှာဝိုင်းဝိုငး်‌လေးသည် ဝန်းလက်နေသည်။

"ကလေး မျက်နှာ ဝင်းပပ
တီချယ့် ရင်ထဲ အေးမြမြ"

ခနနေ‌တော့ ကလေးရဲ့ အဖွားရောက်လာ
‌‌သည်။ သူသိပ်စိတ်ပူနေရှာသည်မှာ သိသာ၏။

နှင်းကပဲ ကလေးရဲ့ အခြေအနေကိုပြောပြရသည်။ ထိုမှပဲ စိတ်အေးသွားသည့်ပုံပေါ်သည်။ ထို့နောက် အဝတ်အစားတွေယူရန် အိမ်တစ်ခေါက်ပြန်သွားသည်။ အဖွားလဲ အရမ်းပူပန်နေသည်မို့ ချက်ချင်းပြေးထွက်ခဲ့သည့် ပုံပေါ်သည်။

တီချယ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရလိုပါ၏။Место, где живут истории. Откройте их для себя