Chapter 12

1.2K 214 14
                                    


ဒါက ကြားယောင်နေတာများလား? ဝမ်ကျန့်ရှန်း တွေဝေစွာ လှည့်ပတ်ကြည့်လိုက်ပြီး သူတကယ်ပဲ အဲဒီမြေအောက်ခန်းထဲမှာ မရှိတော့တာကို ရုတ်တရတ်သိသွားခဲ့သည်။ အခုသူရောက်နေတဲ့နေရာက တိမ်တွေ မြူတွေနဲ့ ဝန်းရံထားပြီး ကောင်းကင်ဘုံနဲ့တူနေပါ၏။

သူသေပြီလား? သူတကယ်ကြီး မျိုးမစစ်ကောင်အိုးချင်းကြောင့် သေသွားပြီလား?

သူသေသွားပြီ၊ သူ့အဖေနဲ့သူအမေ ဘယ်လိုလုပ်ကြမလဲ? သူတို့နှစ်ယောက်က အရင်ကတည်းက ကွာရှင်းထားကြပေမယ့် သူတို့က သူ့အပေါ် သိပ်ကြင်နာကြတယ်..သူတကယ့်မကောင်းတဲ့ကောင်ပဲ၊ သူ့မိဘတွေက ဆံဖြူက ဆံနက်ကို ပို့ဆောင်ရတော့မှာကို ထည့်မပြောနဲ့ဦး၊ သူ့အတွက်သူ လက်စားချေဖို့ကိုတောင် သူ့မိဘတွေကို မှီခိုနေရဦးမှာ...

သူ့အ‌ဖေက ကျိုးယဲ့ပါလို့ သူအိုးချင်းကို ပြောပြခဲ့တာအား အိုးချင်းက လုံးဝမယုံကြည်တာကို စဉ်းစားမိပြီး ဝမ်ကျန့်ရှန်း လှောင်ပြုံးပြုံးလိုက်သည်။

သူ့အဖေက Mနိုင်ငံရှိ တရုတ်ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့တာ။ အခုရွှေဖလားနဲ့ လက်ဆေးကြောကာ စီးပွားရေးတစ်ခု တည်ထောင်ပြီး လမ်းပေါ်၌ သူ့အာဏာအတော်ရှိလေသည်။

အပေါ်ယံမှာတော့ သူ့မှာသားတစ်ယောက်မရှိဘူးပေါ့။ အမှန်က သူ့အဖေ အရင်တုန်းက ပြဿနာတွေအများကြီးရှိဖူးတော့ သူ့ဇနီးသည်နဲ့ ကလေးအပေါ်ကို သက်ရောက်မှာ စိုးရိမ်ခဲ့တာကြောင့် သူ့အမေနဲ့ကွာရှင်းပြီး သူတို့ကို တိုင်းပြည်ကိုပြန်ပို့ခဲ့သည်။ နောက်ပိုင်း ရန်သူက အဲ့မှာအမြဲရှိနေတာရယ် သူ့ကိုဂိုဏ်းကိစ္စတွေထဲ မပတ်သက်စေချင်တာရယ်ကြောင့် သူက သူတို့ရဲ့ဖြစ်တည်မှုကို ရိုးရိုးပဲဖုံးကွယ်လိုက်တော့သည်...။

သူ့အဖေက အမှောင်နည်နည်းလေးကိုတောင် သူ့ကိုထုတ်ပြရမှာ တွန့်ဆုတ်ခဲ့တာ၊ ဒါပေမယ့် သူဟာသူ အရူးလိုခုန်ဝင်သွားမယ်မှန်း ဘယ်သူကသိလိမ့်မလဲ?

သူနဲ့အိုးချင်းကြားကကိစ္စက သူ့မိဘ‌တွေဆီက ဖုံးကွယ်လို့မရပေ။ ပြီးတော့ သူကတောင် သူမိဘတွေကို စည်းရုံးသိမ်းသွင်းခဲ့သည်။ အိုးချင်းသူ့ကို စစဖမ်းချုပ်ထားတုန်းက အိုးချင်းကို သူ့အဖေက ပြန်ပေးဆပ်ခိုင်းမှာစိုးလို့ သူအရမ်းစိတ်ပူခဲ့ရတယ်။ ဒါပေမယ့် အိုးချင်းက သူ့ကိုလုံးဝမယုံကြည်ဘူးလို့တော့ သူမမျှော်လင့်ထားခဲ့ပေ။ သူ့ကိုယ်ပိုင်လက်တွေနဲ့တောင် သူ့ကိုသတ်ဖို့ စီစဉ်ခဲ့သေးတယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now