Chapter 37

470 39 0
                                    


Chapter 37





“သံအမတ်ကြီး… ကျွန်တော် တောင်းပန်ပါတယ်”



နှစ်ယောက်သား ဆာစီးနီယာ ၏အိမ်မှ ခဏ အပြင်ထွက်ပြီး လမ်းလျှောက်နေခြင်းပင်။





အားချန် သည် ဘန် ရှေ့က ရွှံ့မြေပေါ်မှာ ဒူးထောက်လိုက်ပြီး ဆာစီးနီယာ၏ လက်ဖမိုးကို နမ်းမိသည့်အတွက် တောင်းပန်လိုက်သည်။  မိုးရွာနေသဖြင့် သစ်ပင်ရိပ်တွင် မိုးခိုနေသော။ဘန် က ပြောလိုက်သည်။





"မင်း သေချင်နေလား"





"တောင်းပန်ပါတယ်ခင်ဗျာ…"





အစောပိုင်းက ဆာစီးနီယာ ၏လက်ကို နမ်းနေသည့် အားချန် ပုံစံသည် ဘန် စိတ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာပြီး ဒေါသထွက်သွားရသည်။ သူ သွေးပေါင်ချိန်ပါ တက်လာပြီး နဖူးပေါ်ရှိ သွေးကြောများ အထင်းသား ပေါ်လာသည်။





တစ်ချိန်တည်းမှာပင် ဆာစီးနီယာ ၏ လက်ကို ထိဝံ့သည့် အားချန် ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင် စိတ်ကလည်း စိုးမိုးနေ၏။ထိုအတွေးများမှာ စိတ်သဘောထား ကျဉ်းမြောင်းသူတို့သာ ဖြစ်တတ်သော အတွေးမှန်း သူသိသော်လည်း မတတ်နိုင်တော့။









ပွက်ပွက်ဆူနေတဲ့ နှလုံးသားကို တည်ငြိမ်အောင်ကြိုးစားဖို့ တခြားဘာများလုပ်နိုင်မလဲလေ…





ခဏအကြာတွင် သူ့ရင်ဘတ်သည် ဒေါသပြေသွားသလို ဖောင်းကားနေရာမှ ပြေလျော့လာသည်။





"နောက်တစ်ခါဆို ထပ်မဖြစ်ပါစေနဲ့"





"ဟုတ်ကဲ့…မှတ်ထားပါ့မယ်ဗျ"





အားချန် သည် မိတ်ဆွေသစ်များအား ယခုလို နမ်းပြီး နှုတ်ဆက်‌သောကြောင့် သူ စိတ်အနှောက်အယှက် မဖြစ်ခဲ့ဖူးသော်လည်း နောက်ဆို ဆာစီးနီယာနှင့် ပတ်သတ်ပါက ဆင်ခြင်ရတော့မည်။ သူ၏ နက်မှောင်သော ခရမ်းရောင် မျက်လုံးများတွင် အမည်မသိ ခံစားချက်အချို့ ပေါ်လာရသော်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဘာများ ပြောချင်သေးလဲ"

အားချန် က ယခုအချိန်အထိ သူ စုံစမ်းနေသမျှ ကိစ္စများကို ပြောပြလိုက်သည်။ အားချန် သည် အမြဲစေ့စေ့စပ်စပ်နှင့် လျင်မြန်ဖျတ်လတ်သူပင်။လူတစ်ယောက် အသက်ကို စိုးမိုးခြယ်လှယ်နိုင်သည်အထိ သတင်းနှိုက်တတ်သူ ဖြစ်၏။



အဓိကဇာတ်လိုက်က ငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now