🔥 Chapter -1🔥

4.7K 256 14
                                    

🔥ကျတော်က ဦးအပိုင် 🔥

နာမည်ကြီးစိန်လေလံပွဲတစ်ခု -

စီးပွားရေးလုပ်ငန်းရှင်တွေ သတင်းမီဒီယာတွေ တခြားအနုပညာရှင်တွေ မော်ဒယ် သတင်းမီဒီယာတွေ ဟာလေလံပွဲပြုလုပ်မည့်နေရာသို့အစုအရုံးရောက် ရှိနေကြသည်

ထိုပွဲကိုထိပ်တန်းစီးပွားရေး ကုမဏ္ဍီပိုင်ရှင် နှစ်ဦးလုံးတက်ရောက်မည့်ဆိုတာကြောင့် လုပ်ငန်းရှင် တော်တော်များများက တက်ရောက်လာခဲ့ကြသည်

ပွဲကျင်းပရာနေရာသို့နောက်ဆုံးပေါ် အဖြူရောင်ကားတစ်စီးက ထိုးရပ်လိုက်သည် လူအများကလည်း ထိုအဖြူရောင်ကားဆီသို့အကြည့်များရောက်သွားကြသည် ထိုနောက်ကားတံခါးကိုဖွင့်ကာဆင်းလာတဲ့အမျိုးသားတစ်ဦး သူကား အဖြူရောင်ပိုးသားချည် shit ကိုဝတ်ဆင်ထားပြီး သူရဲ့ဟန်ပါပါ ခြေလှမ်းဖြင့် အနီရောင်ကောဇောထက်သို့လျှောက်လမ်းလာခဲ့သည် ကင်မရာမန်းများလည်း တဖြပ်ဖြပ်ဖြင့် သူရဲ့ပုံများကိုရိုက်ကူးနေကြသည် သူသည်Kim လုပ်ငန်းစုရဲ့ CEO Kim Tae Hyung

Kimလုပ်ငန်းစုရဲ့CEO နဲ့ရှေ့နောက်ဆင့်ကာရောက်လာတဲ့အနက်ရောင်ကားတစ်စီးကလည်း ပွဲကျင်းပသောနောရာတွင်ရပ်လိုက်သည် တဖန်လူအများကလည်း အနက်ရောင်ကားစီးသို့ အာရုံစိုက်ကြပြန်သည် ကားတံခါးကိုဖွင့်ပြီထွက်လာသူသည် အနက်ရောင်shit ကိုဝတ်ဆင်ထားပြီး သူရဲ့စမတ်ကျကျ ဟန်ပါသောခြေလှမ်းဖြင့် အနီရောင်ကောဇောထက်ကိုနင်းလျှောက်လိုက်သည် သူကတော့ Jeon လုပ်ငန်းစုရဲ့ CEO Jeon Jung Kook

ထိပ်တန်းစီးပွားလုပ်ငန်းပိုင်ရှင်များဖြစ်​ကြ
ငယ်ရွယ်ထက်မြတ်သူများလည်းဖြစ်တာကြောင့် လုပ်ငန်းရှင်များက သူသမီးတွေအတင်းလက်ထပ်ပေးချင်ကြသည် ဒါအပြင် ပျိုမဒီတွေကြား ရေးပန်းစားသလို ယောကျ်ားလေးများတောင်ကြွေလောက်တဲ့ body အချိုးအစား များရှိကြသည် ဒါပေ့မယ် ဒီငယ်ရွယ်သူနှစ်ယောက်ကား ပြိုင်ဘက်မှန်တော့မည်သူမျှမသိ..

Taehyung တယောက်အထဲကိုဝင်လာတယ်ဆိုရင်ပဲမိန်းကလေးတော်တော်များများက သူကိုမျက်စိကျနေကြသည် သူကလည်း ဒါတွေဂရုမစိုက် သူထိုင်ရမည့်ဝိုင်းကိုသာရောက်အောင်သွားသည် မကြာမီသူထိုင်သည့်နေရာကိုစားပွဲထိုးကောင်လေးက ကော့တေးတခွက်လာချပေးသည် သူရဲ့ ကော့တေးခွက်ကိုင်ပြီးသောက်မည့်အချိန်မြင်လိုက်ရတဲ့အရာကြောင့်မျက်ခုံးတန်းတို့တွန့်ချေသွားသည် သူမြင်တဲ့အရာကတခြားမဟု သူရဲ့ပြိုင်ဘက်ကြီး Jeon Jung KooK...

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now