ep(19)

2K 136 0
                                    

🖤 CAN'T LOSE YOU 🖤






ep(19)





" မမလေးရှင် ပန်းစည်း နှစ်ခုရောက်နေပါတယ် "


ရှောင်ရှောင်တယောက် သူမကုမ္မဏီရောက်ရောက်ချင်း ပန်းစည်းတွေပိုက်ကာ ပြေးလာတဲ့ သူမ၀န်ထမ်းမလေးကြောင့် အရင်ရပ်နေလိုက်သည် ။ သူမက ၀န်ထမ်းတွေ အပေါ်လည်း အလို ကျင်နာတတ်ပါသည် ။


" အော် ဟုတ် ဘယ်ကပို့တာလဲ "


၀န်ထမ်းမလေးက သူမ ပိုက်လာတဲ့ ပန်းစည်းပေါ်က Card နှစ်ခုကို ကြည့်လိုက်ပြီး


" တခုက စေကုမ္မဏီကပါ နောက်တခုက အမ် ..... Wang Yibo & Xiao Zhan တဲ့ မမလေး "


နောက်ဆက်တွဲ ကြားလိုက်ရတဲ့ နာမည် 2 ခုကြောင့် သူမမျက်ခုံးတွေ ပင့်တက်သွားသည် ။ ပြီးတော့ သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်းပါးကလည်း အလိုလို ပြုံးရောင်သန်းလာတယ် ။


" အင်း စေကုမ္မဏီက ပို့ပေးတဲ့ ပန်းစည်းကို ပစ်လိုက်တော့ နောက်တခုကို မမရုံးခန်းထဲ ပို့ထားပေး မမ အပြင်ခန သွားရအုံးမှာမို့လို့ "


" ဟုတ်ကဲ့ မမလေး "

၀န်ထမ်းမလေးက သူတို့ မမလေးစကားအတိုင်း စေကုမ္မဏီက ပန်းစည်းကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး နောက်တခုကို ရုံးခန်းထဲမှာ သေချာ သိမ်းပေးလိုက်သည် ။ မမလေးက ဒီပန်းစည်းကို သဘောကျသည် ထင်တယ် သူမ ပြုံးသွားတာ သူကိုယ်တိုင်မြင်လိုက်သည်လေ ။


ရှောင်ရှောင်ကတော့ ကုမ္မဏီအပြင်ဘက်ထွက်လာရင်း သားငယ်လေးကို ကျေးဇူးတင်ကြောင်း စာပို့ပြီး တဆက်တည်းမှာဘဲ ၀မ်ရိပေါ်ကိုပါ ကျေးဇူးတင်ကြောင်းပြောပေးဖို့ စာပို့လိုက်သည် ။


" ရှောင်ရှောင် "

" အမလေး ! " ကိုစေ ရှင်ဘယ်လိုရောက်လာတာလဲ "


သူမ ဖုန်းကိုဘဲ အာရုံစိုက်ပြီး ထွက်လာလိုက်တာ ကားနားရောက်တော့ နောက်က ရုတ်တရက် ခေါ်သံကြောင့် သူမ လန့်သွားရသည် ။ ထို့နောက် သူမ သုံးလက်စ ဖုန်းကို အိတ်ထဲထည့်လိုက်ပြီး ထိုလူကို ရန်တွေ့ ပစ်လိုက်သည် ။


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now