နေတောင်စောင်းပြီ..
ဝင်လုဆဲဆဲ နေလုံးကြီးကိုကြည့်ရင်း ညာဖက်လက်က စတီယာရင်ကိုကိုင်ကာ ဘယ်ဘက်လက်က ပခုံးပေါ်တင်၍ အညောင်းပြေလုပြေငြား အနည်းငယ်နှိပ်နယ်လိုက်သည်။
မနက်အစောကြီးထကာ ကားမောင်းလာခဲ့သည့်မို့ ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းနေပြီ။
မြို့က ထုတ်ဝေသူဆီကို စာမူတွေသွားပေးပြီး တခြားလိုအပ်တာတွေပါ လုပ်နေရတာမို့ အချိန်ကတစ်ပတ်လောက်ကြာသွားသည်။
မြို့နဲ့အလှမ်းဝေးတဲ့ ဘိုးဘွားပိုင်အိမ်ကြီးထဲမှာ သူ့အဖေနဲ့အတူကျန်နေခဲ့တဲ့ သားလေးကိုလွမ်းလှတာကြောင့်သာ အလုပ်လုပ်တွေပြီးပြီးချင်း အမြန်ပြန်လာခဲ့ရတာ..
အုပ်အုပ်မှိုင်းမှိုင်း ထင်းရှူးပင်တောအုပ်ကြီးကိုဖြတ်ကျော်ပြီးနောက် နေထိုင်ရာအိမ်ကြီးကို သစ်ပင်များကြားမှလှမ်းမြင်နေရလေပြီ။
.
.
T!!..T!!!..T!!!!..လူနှစ်ရပ်စာမြင့်သည့် တံခါးကြီးအရှေ့ရောက်တော့ နှစ်ချက်ဆင့်ကာ ဟွန်းတောက်လာသည်။
မကြာပါ..
နှစ်ခြမ်းကွဲကာ ပွင့်သွားသောတံခါးကြီး..
တစ်စုံတစ်ယောက်ကိုမြင်ရလိုမြင်ရငြား တံခါးနားကိုစူးစမ်းကြည့်လိုက်ပေမယ့် ဘယ်သူမှရှိမနေပါ..
ဆင်ဝင်အောက်ရောက်တော့ ကားကိုစက်သက်လိုက်ရင်း ထူးထူးခြားခြား တိတ်ဆိတ်နေသောအိမ်ထဲသို့ တစ်လှမ်းချင်းဝင်လာခဲ့သည်။
"သားလေးရေ..."
"ဂျောင်ကုရေ..."
အောက်ထက်မှ အခန်းများကို ဟိုဟိုသည်သည်ကြည့်ကာအော်ခေါ်ကြည့်ပေမယ့် ဘယ်သူမှမတွေ့ရ..
ကြောင်အိမ်လှေကားမှတစ်ဆင့် အပေါ်ထပ်ကိုတပ်သွားတော့ အိုဟောင်းနေသော ကျွန်းလှေကားကြီးမှာ ပဲ့တင်သံထွက်နေလေသည်။
အပေါ်ရောက်တော့ ပထမဆုံးမြင်လိုက်ရတဲ့ သားလေးအခန်းထဲကို အရင်ဝင်ကြည့်လိုက်သည်။
"သားသားရေ..ပါးပါးပြန်လာပြီ.."
တူတူပုန်းတိုင်း ဆော့တတ်သော သားလေးကို စ,သည့်သဘော ခက်သွက်သွက်လေး ခေါ်ကာ သားလေးအခန်းတံခါးကို ဆွဲဖွင့်လိုက်ပေမယ့် သက်မဲ့ပစ္စည်းများကသာ ဆီးကြိုနေသည်။