5 : Thanks God, I found You

145 27 24
                                    


ရိုက်ကူးရေးအဖွဲ့သားများမှာ ထယ်ရယ်ပျောက်နေသည့် ကိစ္စဖြင့် အားလုံး ပူထူနေကြပြီဖြစ်သည်။ ညနေက လိုက်ပို့ပေးသော ကားသမားမှာလည်း မြို့ထဲက သူတည်းနေသော ဟိုတယ်ကို ပြန်သွားပြီဖြစ်သောကြောင့် ဒါိရိုက်တာပတ်ခ်က ကျန်ခဲ့သည့် ထယ်ရယ့်ကို စျေးတွင်ပြန်သွားခေါ်ရန် ကားသမားကို ဖုန်းဆက်ကာ လှမ်းပြောလိုက်သည်။

ဆယ်မိနစ်ကျော်ခန့်အကြာမှာတော့ ဖုန်းပြန်ဝင်လာသည်။

"မတွေ့ဘူး ဒါရိုက်တာ၊ စျေးလည်းပိတ်သွားပြီ"

ဒါရိုက်တာပတ်ခ်မှာလည်း စိတ်ပူနေရပြီဖြစ်သည်။

"ဘယ်လိုများ တစ်ယောက်တည်းကို ထားပစ်ခဲ့ရတာတုန်းကွာ"

ကားသမား ဦးလေးကြီးမှာ သဘောကောင်းသည့်သူဖြစ်သည့်အလျောက် သူသိထားသည့် ဖြစ်ကြောင်းကုန်စင်ပြောပြလာသည်က နှစ်ယောက်ထဲကတစ်ယောက်က အရင် ပြန်မည်ဟုပြောလာသောကြောင့် ပြန်ပို့ပေးရသည်ဖြစ်ကြောင်း သူတို့ရဲ့ အစီစဉ်တွေကိုတော့ သူလည်း မသိပါကြောင်းပြောပြလာလေသည်။

ဒါရိုက်တာပတ်ခ်လည်း ပြောပြီးသည်နှင့် ဖုန်းချရင်း ဧည့်ခန်းထဲတွင် ဝင်လာသည့်အတိုင်း ရပ်နေဆဲဖြစ်သည့် ဆောဂျောင်မင်းကိုကြည့်လိုက်သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တစ်ခုခုပြောဖို့ပြင်လိုက်တော့မှ ဘေးက ဂယူဘင်းက ဖြတ်၍အရင်ပြောသွားသည်။

"မင်းနဲ့နောက်မှ ကိစ္စရှင်းတာပေါ့"

ဂယူဘင်း သူ့ရဲ့ ခရီးဆောင်အိတ်ကို ဘေးသို့ရွှေ့လိုက်ပြီး ဆောဂျောင်မင်းကို အေးစက်စက် စိုက်ကြည့်ရင်း ဆောဂျောင်မင်းဘေးမှ ဖြတ်လျှောက်ကာ အပြင်ထွက်ဖို့ပြင်လိုက်သည်။

"ငါအခု ကင်မ်ထယ်ရယ်ကို သွားရှာမှာမလို့ သူဘေးကင်းပါစေလို့သာ မင်းထိုင်ဆုတောင်းနေတော့ နားလည်လား!"

ဆောဂျောင်မင်းမှ နေရာတွင်သာရပ်နေဆဲရပ်နေပြီး ဂယူဘင်း တံခါးကိုပိတ်ပြီး ထွက်သွားတော့မှ အသိစိတ်ပြန်ဝင်လာတော့သည်။

တခြား ရိုက်ကူးရေးအဖွဲ့သားများမှာလည်း တိတ်ဆိတ်နေကြပြီး ဒါရိုက်ပတ်ခ်မှာလည်း စိတ်ဖိစီးနေဟန်ရှိကာ ဆောဂျောင်မင်းဆီသွားမေးလိုက်သည်။

IT ENDS WITH YOU | GYURAEWhere stories live. Discover now