7

35 7 0
                                    

        အိမ်ထဲကိုခြေချလိုက်တာနဲ့ Wooyoung ရဲ့စိတ်တွေလန်းဆန်းသွားတယ်။ ဒီနေ့က Wooyoung အတွက် နည်းနည်းတော့ သကိကအောင့်နိုင်ပြီး ပင်ပန်းတယ်ဆိုပေမယ့် တစ်ခါတလေတော့ လူတွေနဲ့ ဆက်ဆံစကားပြောကြည့်ရဦးမယ်မလား။ ဆိုဖာမှာထိုင်လိုက်တော့ စားပွဲပေါ်က Hongjoong ရဲ့လိပ်စာကတ်လေးကို Wooyoung တွေ့လိုက်ရတယ်။ မနေ့ထဲကမသိမ်းမိလိုက်လို့ အခုထိရှိနေသေးပုံရတယ်။

လိပ်စာကတ်လေးကို ကိုင်ကြည့်ရင်း အတွေးနှစ်ခုက လွန်ဆွဲနေကြတယ်။ Hongjoong ရဲ့ကုမ္ပဏီမှာအလုပ်လျှောက်သင့်လား၊ တခြားအလုပ်ပဲရှာသင့်လား။ ချက်ချင်းစဥ်းစားလို့မရသေးတဲ့အဖြေကြောင့် ကတ်လေးကိုစားပွဲပေါ်ပြန်တင်ကာ ကိုယ်လက်သန့်စင်ဖို့အတွက် အိပ်ခန်းထဲကို၀င်သွားတော့တယ်။

♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎


        ဒီနေ့တော့ Wooyoung တစ်ယောက် ကျောင်းကိုအစောကြီးရောက်နေတယ်။ အလုပ်ထွက်လိုက်ရပြီးထဲက ပင်းပန်းနွမ်းနယ်တာမျိုးမရှိ၊ ညဘက်တွေလည်းအိပ်ရေး၀၀ အိပ်ဖြစ်တာကြောင့် ဖြစ်မယ်ထင်တယ်။ စောစောစီးစီးထဲက ဒီအလုပ်ကို နားခဲ့သင့်တာ။ ကျောင်း၀န်းထဲက ခုံတန်းလေးတစ်ခုမှာထိုင်ရင်း ဟိုကြည့် ဒီကြည့်လုပ်နေရင်းကနေ San တို့သုံးယေယာက်စကားပြောပြီး၀င်လာကြတာကို Wooyoung လှမ်းတွေ့လိုက်တယ်။

သူတို့ကတော့ Wooyoung ကိုမြင်ပုံမပေါ်ပါဘူး။ စကားပြောရင်းနဲ့ စားသောက်ဆောင်ဘက်ကို ဦးတည်သွားနေကြတယ်။ သူလည်းနေရာကနေထရပ်လိုက်ပြီး San တို့ဆီလိုက်သွားတော့တယ်။ အနည်းငယ်ရင်းနှီးလာတော့ Wooyoung က San ရဲ့သူငယ်ချင်းနှစ်ယောက်ကိုလည်း မရှိန်နေတော့ဘူး။

စားသောက်ဆောင်ထဲကို၀င်လိုက်ပြီး San တို့ကိုလိုက်ရှာလိုက်တယ်။ မျက်လုံးတွေကိုအနည်းငယ်အလုပ်ပေးလိုက်တဲ့အခါ တွေ့ပါပြီ ထိုသုံးယောက်။ ထောင့်ကျတဲ့စားပွဲ၀ိုင်းမှာ ထိုင်ပြီးသူတို့သုံးယောက်ကြားအောင် အသံကိုနှိမ့်ပြီးစကားပြောနေကြတယ်။ Wooyoung က သူတို့ရှိရာဆီခြေလှမ်းနေပြီးမှ သူ့နာမည်ကိုကြားလိုက်ရတော့ Wooyoung ခြေလှမ်းတွေကိုရပ်တန့်ပစ်ပြီး အကွယ်နားလေးမှာကပ်ပြီး ရပ်နေလိုက်တယ်။

It's not your fault I can't be what you needWhere stories live. Discover now