ep(20)

2.3K 139 2
                                    

🖤 CAN 'T LOSE YOU 🖤






ep(20)




"သားငယ် မင်းဒီနေ့ ကျောင်းမတက်တာလား "

"ဟို  မဟုတ် မဟုတ်ပါဘူး တက်ပါတယ် "


"ဒါမ​ဲ့ ကျောင်းချိန်ကို မမ မင်းကို အပြင်ဆိုင်မှာ တွေ့ခဲ့တာလေ "


[ လွန်ခဲ့ သော 15 မိနစ်ခန့်က 

ရှောင်ကျန့်ဟာ မောင်တို့ကို ထွက်တွေ့ပြီး အတန်းချိန်လည်း ပြီးတော့မှာမို့လို့ ကျောင်းထဲ ပြန်မ၀င်ဖြစ်တော့တာ ကံဆိုးတာက မမက ဒီနေ့ မှကျောင်းကို စောစော လာကြိုသည်တဲ့ ပက်ပင်းတိုးတာမို့ သူ့မှာ ရှောင်ပြေးလို့လည်း မရ ။ မောင်က မမကို လိုက်ပြောပေးမယ် ပြောပါသေးတယ် ပြသနာ တွေ ဖြစ်မှာဆိုးလို့ သူဘဲ ဆိုင်ထဲက ထွက်လာခဲ့လိုက်တယ် ။ တည်တင်းနေတဲ့ မမမျက်နှာကို ကြည့်ပြီး လန့်လို့ သေတော့မယ် မောင်သာ လိုက်ပြောပေးခဲ့ရင် စိတ်မရှည်တဲ့ မောင်နဲ့ ဒေါသကြီးတဲ့ မမတို့ သေချာပေါက် ပြသနာ ဖြစ်မှာ ။ မောင့်ကို မမငယ်နဲ့ လုံး၀ ပြသနာ မတက်စေချင်ဘူး ။  ]


"မောင်က  ... ဟို ရိပေါ် ... မဟုတ်သေးပါဘူး  အကိုရိပေါ်က .. သူ့အမနဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ပါ "


"သူ့ အမ ..ဘယ်က အမလဲ "

"ဟို နိုင်ငံခြားကလို့ ပြောပါတယ် Li LILA Wang  တဲ့ "


"Lila Wang "


သူမက စဥ်းစားသလို လုပ်ပြီး သိသွားဟန်ပါဘဲ  မောင်လေးကို ခေါင်းငြိမ့်ပြလိုက်တယ်

"မမသိတာလား "


"မသိဘူး ဒါမဲ့ အန်တီ၀မ်မေ ပြောဖူးတယ် သူမက နိုင်ငံခြားက သူ့ယောကျ်ား ကုမ္မဏီမှာ အလုပ်ကူပေးနေတဲ့ တယောက် "


"အော် ဟုတ် "

"ဒါနဲ့ သူက ဘာကိစ္စလာတွေ့တာလဲ ဘာလဲ ဇာတ်ကားထဲကလို သူ့မောင်နဲ့ အဆက်ဖြတ်ဖို့ လာပြောတာလား "


"မဟုတ်ပါဘူး မမရာ ကျဲက သားကို တွေ့ဖူးချင်လို့တဲ့ အတာ လာကြည့်တာ "

" အွန်း သူတို့မောင်န​ဲ့ တန်ရဲ့လား လာကြည့်တဲ့ သဘောပေါ့  ငါ့မောင် ကြွေရုပ်လေးကို သူမမောင် ကျောက်တိုင်နဲ့ ဖြစ်ပါ့မလားဆိုပြီး ယှဥ်ကြည့်သွားသေးလား "


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora