Description

4.1K 134 1
                                        

လမင်းသော်တာလှမ်းလို့လာ

လင်ချင်းဟယ်နှင့် ငယ်ချစ်ဦးဖြစ်ခဲ့သင့်သော ထောင်ရှီးသည် သူနှင့်တွေ့ဆုံခွင့်ရဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ရလေသည်။

ကျွန်တော် လမင်းသော်တာထံ ခရီးပြင်းနှင်နေချိန်မှာ လမင်းသော်တာကလည်း ကျွန်တော့်ဆီကို လှမ်းလာနေခဲ့သတဲ့။

Story Version

ချမ်းသာကြွယ်ဝသော အထက်တန်းလွှာနောက်ခံမိသားစုမျိုး၌ ကြီးပြင်းလာခဲ့ရမည့် ထောင်ရှီးသည် မွေးဖွားစဉ်က မသမာစွာ ကလေးချင်းခံခဲ့ရသောကြောင့် ဆင်းရဲနွမ်းပါးသောခရိုင်တစ်ခုတွင် ကျေးလက်ကျောင်းသားလေးတစ်ယောက်သာ ဖြစ်လာခဲ့သည်။ ဆင်းရဲနွမ်းပါးသောခရိုင်ရှိ အထက်တန်းကျောင်းနှင့် မြို့ကြီးပြကြီးရှိ နာမည်ကြီးအထက်တန်းကျောင်းတို့ကြား တိုက်ရိုက်ထုတ်လွှင့်သင်ကြားမှုအတွင်း၌ သူသည် အဆင့်ပထမရသည့် ကျောင်း၏မြက်ကလေးကို သင်ကြားရေးဖန်သားပြင်ပေါ်တွင် မြင်မြင်ချင်းသဘောကျသွားမိခဲ့သည်။ အဆုံးမှာတော့ သူသည် တစ်ခရိုင်လုံးပထမဆုကို ဆွတ်ခူးရရှိခဲ့ပြီး ထိုနာမည်ကြီးအထက်တန်းကျောင်း၌ “ရပ်ဝေးပညာတော်သင်” အဖြစ် တက်ရောက်ခွင့်ရခဲ့လေသည်။ သို့ပေသော်ငြားလည်း ကျောင်းမြက်ကလေး၏ငယ်သူငယ်ချင်းဖြစ်သူက သူနှင့်လူချင်းလဲခဲ့သူဖြစ်နေကြောင်း သိလိုက်ရလေသည်။

[ကျောင်း၏မြက်ကလေး = တစ်ကျောင်းလုံးတွင် အချောဆုံးကောင်လေး]

Art Version

ထောင်ရှီးသည် မွေးကင်းစအရွယ်ကတည်းက “မိခင်”ဖြစ်သူထံမှ တမင်တကာ ကလေးချင်းလဲခံခဲ့ရသည့် ကံကြမ္မာကို အလယ်တန်းတတိယနှစ်အရောက်တွင် သိရှိခဲ့သည်။ သူဟာ ဘဝကြီးကို အဓိပ္ပာယ်မဲ့စွာပဲ ရှင်သန်နေထိုင်ခဲ့မိ၏။ သို့တိုင် ကီလိုမီတာထောင်ချီဝေးသောအရပ်ရှိ နာမည်ကြီး ဝမ်းဟွာ အ.ထ.က(၁) ကျောင်းမှ လင်ချင်းဟယ်ကို ဆင်းရဲနွမ်းပါးသောအထက်တန်းကျောင်းရှိ တိုက်ရိုက်ထုတ်လွှင့်သင်ကြားမှု ဖန်သားပြင်ပေါ်တွင် သူ မြင်တွေ့လိုက်ရလေသည်။

၎င်းက ရေတွင်း၏အနက်ရှိုင်းဆုံးအောက်ခြေမှာ ရှင်သန်နေရသည့် သူလိုလူအတွက် ကောင်းကင်ယံက လမင်းကို ပထမဆုံးအကြိမ်အဖြစ် ရိပ်ခနဲမြင်ခွင့်ရခြင်းလည်း ဖြစ်ခဲ့ပေ၏။

သို့ပေမယ့် သူ အင်အားကုန်သုံးပြီး ရေတွင်းနက်ထဲက မရမကခုန်ထွက်ကာ လမင်းဆီကို အရောက်လှမ်းခဲ့ချိန်မှာတော့ လမင်းဘေးက ကြယ်ပွင့်လေးက အစကတည်းက သူ့နေရာဖြစ်ခဲ့သင့်တာမှန်း သိလိုက်ရတော့သည်။

ထောင်ရှီးဟာ လွှဲချော်သွားခဲ့သော ချစ်ခြင်းမေတ္တာတွေနှင့်အတူ လင်ချင်းဟယ်ကို ပိုင်ဆိုင်ချင်ခဲ့လေသည်။

_______________________

Character Introduction

ထောင်ရှီး

- MC, Shou

- ငယ်ဘဝကို ကျေးလက်ဒေသတွင် ကုန်ဆုံးခဲ့ရ။

- ပန်းချီဆွဲရာ၌ ပါရမီအလွန်ပါသူ။

- ‌ပျော်ပျော်နေတတ်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူ။

- အစွမ်းကုန်ကြိုးစားတတ်သူ။

- ဝမ်းနည်းမှုများကို အပြုံးလေးဖြင့် ဖုံးကွယ်ထားတတ်။

- လင်ချင်းဟယ်ကို အလွန်လေးစားအားကျသူ။

- စာလုပ်ရတာကို မကြိုက်သော်လည်း ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာခဲ့။

- ညီမလေးတစ်ယောက်ရှိ။

- ချစ်စဖွယ်ကောင်လေးတစ်ယောက် ဖြစ်ကြောင်း ငြင်းမရ။

လင်ချင်းဟယ်

- ML, Gong

- အပြင်ပန်းအေးစက်သော်လည်း အလွန်ဂရုတစိုက်ရှိတတ်သူ။

- ကလေးဘဝက ပျော်ရွှင်ဖွယ်မကောင်းခဲ့။

- အလွန်ချမ်းသာသူ။

- စန္ဒရားလည်းတီးတတ်။

- ဉာဏ်အလွန်ကောင်းသော ထိပ်တန်းကျောင်းသား။

- အင်္ဂလိပ်စာအတန်းကို အမြဲနောက်ကျတတ်။

- ကာကွယ်စောင့်ရှောက်တတ်ပြီး အင်မတန်ချစ်တတ်သူ။

- သန်မာကာ ရဲရင့်သူ။

- ထောင်ရှီးရဲ့ လမင်းသော်တာလေး။

Title  -  The Moon is Coming to Me (月亮奔我而来)

CP Name - QinXi (ချင်းရှီး)

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now