part 1

864 91 4
                                    

မူးနောက်နေသည့်ခေါင်းအား နှစ်ချက်​
လောက်ပိတ်ရိုက်ကာ မျက်လုံးများဖွင့်ကြည့်လိုက်တော့ ရိုက်ကူး​ရေး မြင်ကွင်းအားတွေ့လိုက်ရသည်။

"ကဒ် အဆင်ပြေတယ် မင်းသား နောက်တစ်ခန်းရိုက်မို့အဝတ်စားလဲထားလိုက်ပါ "

" Ok ဒါရိုက်တာကြီး "

မင်းသားဆိုသူက ပြူးကြည့်နေသည့်သူ့ထံ လှမ်းလာခဲ့တာကြောင့် အသိစိတ်ပြန်ကပ်သွားသည်။

[ လုံးလုံး ခုငါကဘယ်လိုနေရာမှာဝင်သရုပ်ဆောင်ရမှာလဲ]

[Host က ဇာတ်လိုက်မင်းသားရဲ့ စပွန်ဆာ ဟဲဟဲ မိုက်တယ်မလားဘောစိလေ]

"နေနိုင်လွန်း မင်းငါပြောတာကြားလား
ဘယ်တွေစိတ်ရောက်နေလဲ "

*နေနိုင်လွန်းက မူလပိုင်ရှင်ဖြစ်မယ်*

" ဟမ် အင်း "

"ပြောလိုက်ရင် ဟုတ်ကြီးဘဲ ပစ္စည်းတွေယူပြီးလိုက်ခဲ့ "

[ စပွန်ဆာရောဟုတ်ရဲ့လား အကူလိုဘဲ]

[ ဇာတ်ကြောင်းမသိဘဲ အာမချောင်ပါနဲ့ host ]

နားနေခန်းထဲတွင်

"ကိုဇေ နောက်တစ်ခန်းက အနမ်းခန်းနော်"

"ဟုတ်တာပေါ့ ချယ်ရီ ဘာလဲ လေ့ကျင့်ချင်လို့လား"

"ခ်ခ် ဒါနဲ့ မနက်ကပိုက်ဆံအိတ်အသစ်ထွက်တယ်သိလား အဲ့ဒါဝယ်ပေးပါလားဟင် "

"ဝယ်ပေးမှာပေါ့ သိတယ်မလား ဟိုကောင့်စီက ကဒ်တွေအကုန်ကိုယ့်မှာလေ"

အခန်းပြင်တွင်

[ဟက် Moon တစ်ယောက်ဘဲအရှက်မရှိတဲ့
လူရှိတယ်ထင်တာ Moonထက်ဆိုးတဲ့လူနဲ့လာတွေ့နေတယ် ပြောရင်း Moonကိုလွမ်းလာပြီ ဟင့်]

[ လင်တရူးမနေနဲ့host ဇာတ်ကြောင်းပို့ပြီမျက်လုံးမှိတ်ပြီးထိုင်နေပါ host မဟုတ်ရင် မူးလဲသွားမယ် ]

[ပို့မှာသာပို့စမ်းပါ]

လုံးလုံးလဲ စကားနားမထောင်သည့် host
ကို ဇာတ်ကြောင်းများလွဲပေးလိုက်သည်။
ကြယ်တစ်ယောက်တိုးဝင်လာသည့်
ဇာတ်ကြောင်းကြောင့် မိုက်ခနဲဖြစ်ကာလဲကျသွားချိန် သူ့အား လူတစ်ယောက်မှလှမ်းဖက်ထားတာခံလိုက်ရပြီး ရင်းနှီးသည့်ကိုယ်သင်းနံ့လေးကြောင့် စိတ်ချလက်ချမေ့လဲသွားတော့သည်။

System Lone LoneHikayelerin yaşadığı yer. Şimdi keşfedin