အပိုင်း (၆)

3.3K 259 19
                                    

{Unicode}

..မယားအဖြစ် ပြုကျင့်ခြင်း...

***

(N- စာရေးသူသည် ဘယ်ခေတ် ဘယ်မင်းမှ ရည်ရွယ်ထားတာ မဟုတ်ဘဲ စာရေးသူ၏ ခါးတောင်းတစ်ခြား *င်တစ်ခြား အသက်အရွယ်ကန့်ထားသည် အပိုင်းဖြစ်သည်။ ဒါ​ကြောင့် ဒီအပိုင်းက သင့်အား cringe ဖြစ်နိုင်သည်။ ကလေးတွေ မဖတ်ပါရန်... ။ ဒီအပိုင်း​ကြောင့် လလ လလ အဖြစ်မခံနိုင်သည်မို့ ဒီအပိုင်းမှ mentတစ်ချက် အဆင်မပြေရင် plus scene ​ဖျက်ပါမည်။ ထင်သည်တော့ ရှေးခေတ်နဲ့ s3x sceneနဲ့ကတော့ ထုံးစံအတိုင်း စာရေးသူ၏ ပေါက်ကရ ပေါက်ပန်းလေးဆယ် ဖွဲ့နွဲ့မှု ဖြစ်၏...။)

စံဥတုနန်းဆောင်...

"အိမ်ရှေ့စံဘုရား... တပ်မှူး ငမန်ကန်းက တွေ့လိုကြောင်းပါ ဘုရား..."

မိမိ မျက်နှာပေါ်အား နင့်နင့်နဲနဲ ကြည့်ရှုနေရင်းမှ... အထိန်းတော်၏ အသံနောက်မှာတော့...

"... ၀င်ခဲ့..."

အသံအဆုံးမှာတော့ မကြာမီပင် နန်းဆောင်အတွင်းသို့ ၀င်ရောက်လာသည့် တပ်မှူး ငမန်ကန်းက ခြေသံကို ဖြေးကာ လျှောက်လာသည်။ မကြာမီပင် အိမ်ရှေ့စံနှင့် အနည်းငယ် ​ေ၀းသည့် နေရာမှာတော့ လက်သုံးတော်ဓားကို ချကာ... ခြေနှစ်ဖက်အား ဖိထိုင်သည်...။ ဒီတပ်မှူး ငမန်ကန်းက တပ်မှူးလည်း ဖြစ်သလို အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်တဲ့...။

တပ်မှူးကတော့ မိမိဘက်သို့ လှည့်မလာခဲ့... သို့ပေမယ့် အနည်းငယ်တော့ အာရုံစိုက်ထားပုံရသည်။

"အိမ်ရှေ့စံဘုရား... အရေးတကြီး ကိစ္စ လျှောက်တင်စရာ ရှိပါတယ် ဘုရား..."


"ကောင်းပြီ... တပ်မှူး ငမန်ကန်း လျှောက်ပါ..."

ထိုအချိန်မှာတော့ ငမန်ကန်းက ခေါင်းကို ငုံ့ကာ ထားရာမှ မိမိဘက်သို့ ခဏအကြာ လှည့်မကြည့်ပေမယ့် မျက်နှာအနည်းငယ်... လွှဲသယောင်ရှိပြီး....

"လျှောက်တင်စရာ အချက်နှစ်ချက် ရှိပါသည်...
အရှင် လျှို့ဝှက် ကြားလိုသည်လော..."

ထိုအချိန်မှာတော့ အိမ်ရှေ့စံက သူ့နံဘေးမှာ ခ စားနေသည့် မိမိအား ကြည့်ကာ...

ငါ၏ မိဖုရား...ငါ၏ မယား... Where stories live. Discover now