၃၂+၃၃

1.7K 262 6
                                    


အပိုင်း ၃၂

ထိုသို့ပြောပြီးနောက် သူက အိုးထဲမှ စွပ်ပြုတ်ကို ကြည့်သလိုဖြင့် မျက်ဝန်းထောင့်က အဓိက ဇာတ်လိုက်သုံးယောက်ကို တစ်ယောက်ချင်းဆီ လိုက်ကြည့်သည်။
ဒီတစ်ကြိမ်တော့ မိသွားပြီ

ထိုအခါ ယန်ကျစ်နှင့် ဟော့ချန်းတို့၏ အမူအယာက အနည်းငယ် စိတ်လွတ်သလို ဖြစ်နေကြောင်း မြင်လိုက်ရလေသည်။
အရမ်းကောင်းတယ်
ဒါ ငါလိုချင်တာပဲ

ပရိုဂရမ်က ရိုက်ကူးရေးလုပ်နေသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သည်။သို့သော် အလင်းဖွားလက်သောာ အခြေအနေမျိုး မရှိခဲ့သေးချေ။
သူက အရမ်း ဗုဒ္ဓဆန်လွန်းနေလို့လား…

မူရင်း ဝတ္ထုတွင် သူက သွမ့်ရိဟွားကို သဘောကျခဲ့ခြင်းဖြစ်သည်။

အမျိုးသား ဇာတ်ပို့က အကောင်းဘက်က ရောက်နေရင် အဓိက အမျိုးသား ဇာတ်လိုက်တွေက အန္တရာယ်ကို ခံစားမိလာလိမ့်မယ်

ဘေးအခန်းမှ ဝန်ထမ်းက ကောပင်းကို မေးသည်။
“ဟော့ချန်းနဲ့ ယန်ကျစ်တို့ ပန်းဝယ်လာတာက ကျိုင်ရှင်းချန်အတွက်လေ၊ ဒါဆိုရင် ကျိုင်ရှင်းချန်က ဝယ်လာတဲ့ပန်းက ဘယ်သူ့အတွက်လဲ”

“ သူ့အတွက် နည်းနည်းချန်ထားဖို့ ပြောတာဆိုတော့…”

“ ဒါဆိုရင် သူ ပေးမှာက ဖေးရွှီနဲ့ ဟော့ချန်း မဟုတ်နိုင်တော့ဘူး။ လင်းချင်နင်နဲ့ ဝမ်နော့ကလည်း အဲဒီမှာဆိုတော့ … နောက်ပြီး ယန်ကျစ်လည်းရှိနေတယ် သူတို့ကို ကျော်လို့ရပြီ”

“ ဒါဆိုရင် ဟူရင်းနဲ့ သွမ့်ရိဟွားတို့ပဲ ကျန်မယ်”

“ ကျိုင်ရှင်းချန်က သွမ့်ရိဟွားကို သဘောကျနေတုန်း ထင်တယ်”

“ ပြောဖို့ခက်တယ် ဟူရင်းလည်း ဖြစ်နိုင်တာပဲ။ သူက ဒီနှစ်ရက်အတွင်း ဟူရင်းနဲ့ စကားအပြောဖြစ်ဆုံးလေ။သူတို့ တစ်ညလုံးနီးပါး စကားထိုင်ပြောခဲ့တာကို မေ့သွားပြီလား”

ပရိုဂရမ်အဖွဲ့က အချိန်တစ်ခုကြာ တိတ်ဆိတ်သွားသည်။

ကျိုင်ရှင်းချန်က ဇွန်း ကိုင်ပြီး ရွှေပြောင်းဖူးမှုန့်ကြမ်းကို ဆက်တိုက်မွှေသည်။ စွပ်ပြုတ်အိုးက ပွက်သထက် ပွက်လာသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now