Chapter 1

178 35 1
                                    

"Shattered glass and my heart as well "

(Unicode)
Song for this chapter : U - Baekhyun

နွေရာသီကို ကိုရီးယားပြန်မလားလို့ ယန်းယန်းကမေးလိုက်တည်းက သူ့ခေါင်းထဲ အခြားအရာတွေအတွက်နေရာမရှိတော့ပဲ အဲ့ဒီအကြောင်းအရာကပဲ နေရာဝင်ယူနေသည်။ ယန်းယန်းနှစ်ယောက်တစ်အိမ်အတူနေသော်လည်း အိပ်ခန်းကခွဲနေသည်မို့ သူ့ရဲ့မရေမတွက်နိုင်တဲ့ သက်ပြင်းချသံတွေကို ယန်းယန်း မကြားနိုင်တာ တော်ပါသေးရဲ့။
အိပ်ယာပေါ်မှာ လှဲလျောင်းနေရင်း မျက်နှာကျက်ကိုကြည့်ကာ သက်ပြင်းချနေမိတာ ဘယ်နှစ်ခါရှိမှန်း မသိတော့ချေ။ အတိတ်နဲ့ပက်သက်ရင်း စိတ်ကမွမ်းကြပ်လာတာ ဘယ်လိုမှတားလို့မရတဲ့အရာတစ်ခု။

ခဏလောက် မျက်စိကိုမှိတ်ပြီးထားသော်လည်း မှိတ်ထားတဲ့တစ်ခဏအတွင်း မြင်နေရသည့် မှတ်ဉာဏ်တွေက ကြောက်စရာကောင်းလှသည်။ အထူးသဖြင့်

စာသင်ခန်းထဲမှာ ဂျယ်မင်းနှင့်ဂျဲနိုတို့လို သူငယ်ချင်းတွေနဲ့ အတူထိုင်နေကျဖြစ်သော်လည်း သူကျောင်းလာတဲ့အခါ သူ့နေရာက အခြားသူတွေနဲ့ အစားထိုးပြီး ထိုင်နေပြီးသားဖြစ်တဲ့အချိန်၊ သူကလှမ်းကြည့်သောအခါ အကြည့်ချင်းဆုံရင်တောင် အကြည့်တွေလွှဲကြတဲ့အချိန်၊

ကိုယ်ကသူတို့နဲ့ထမင်းအတူစားဖို့ ကန်တင်းကစားပွဲကိုဝင်ထိုင်လိုက်ရင် စားလို့ပြီးပြီဆိုပြီး တန်းထသွားကြတဲ့ သူတို့တွေ၊

အခန်းဖော်အဖြစ်တူတူနေတဲ့ ဂျူနီယာလေးဖြစ်တဲ့ ချန်းလော့ဆိုတဲ့ ကောင်လေးလည်း တစ်ရက်ကျ အပြင်အဆောင်အခန်းရှာတွေ့လို့ဆိုသောဆင်ခြေဖြင့် အခန်းကထွက်သွားတဲ့အချိန်၊

"ချန်းလော့ အကို့ကြောင့်လား ချန်းလော့စိတ်ဆိုးအောင် စိတ်အနှောက့်အယှက်ဖြစ်အောင်နေမိလို့လား" ဟု သွားတော့မည့်လူတစ်ယောက်ကို ဆွဲထားပြီးပြောခဲ့သည်။ သို့သော် "အကိုနဲ့နေရင်းကနေ ကျွန်တော့်လျို့ဝှက်ချက်တွေပါ ချဲ့ကားပြီး အပြင်ကိုပေါက်ကြားကုန်ရင် ဘယ်လိုလုပ်မလဲ" လို့ပြောတဲ့အချိန်။

ပြီးတော့ အထူးသဖြင့် အဲ့ဒီအီဒုံဟျော့ဆိုတဲ့ လူ။

ခွပ်!!! ခွမ်း!

You Weren't Mine to Lose | RenhyuckWhere stories live. Discover now