🌿 အခန်း ... ၁ 🌿

531 17 8
                                    

Unicode

တောသူပုံရွာ . . . ။

အချိန်အားဖြင့် ညနေ လေးနာရီခန့်။
ရွာ့​တောင်ပိုင်းတွင် တည်ထားကိုးကွယ်ထားသည့် ထုံးဖွေးဖြူ စေတီနံဘေးတွင် မောင့်အား စောင့်နေမိသည်။ လာချိန်းတွေ့မည်ဟု ယမန်နေ့တည်းက ဖွင့်ဟထားသည့်သူမှာ ယခုထိပင် မရောက်လာသေးချေ။ စောင့်နေရသည့် ကျွန်တော့်မှာသာ တမျှော်မျှော် တခေါခေါ။ လည်တံကလေး တရှည်ရှည် စောင့်မျှော်နေရသည်မှာ ကျွန်တော့်အတွက်တော့ စိတ်မရှည်လှပေ။

ထိုသို့ ဆိုပါလျှင် ဘာမျှ မဆိုင်ပါဘဲ မောင့်အား ပို၍ လွမ်းမောမိသည်။ ကုန်ရောင်းကုန်ဝယ်လုပ်သည့်အတွက် နယ်တကာ လှည့်လည်နေရသော မောင့်အား မျှော်ရသည်မှာလည်း ငြိုးငယ်နွမ်းလျမိသည်။ မိဘလုပ်ခြေလုပ်လက် ဖြစ်သည့် အတွက်ကြောင့် ဆန္ဒမောင် ဆိုသည့် မိမိ၏ မောင်သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် လုပ်ငန်းတွေကို ဦးစီးနေရပြန်သည်။

အသက်ငယ်ရွယ်သော်ငြား ကုန်ရောင်းကုန်ဝယ် လုပ်ငန်းသည် ဆန္ဒမောင်၏ လက်ထက်တွင် ပို၍ တိုးတတ်လာသည်။ စီးပွားဖက် လုပ်ငန်းရှင်များလည်း တိုးတတ်လာသလို မောင့်၏ မျက်နှာချောချောကြောင့်လည်း ကြိတ်ခိုက်နေကြသည့် လူဦးရေလည်း တိုးလာသေးသည်။

ထိုထဲတွင်လည်း မိမိအပါအဝင်။ အမျိုးသမီးတွေလို မချောသော်လည်း အနည်းငယ်သာ ရူပါရှိသော မိမိကို မောင်က ချစ်ရေးဆိုလာခဲ့​သောကြောင့် အံ့သြခဲ့ရသေးသည်။

ရူပါ မရှိပေမယ့်လည်း နှလုံးသားလေး ရှိပါတယ် ဟု မောင်က ဆိုလာသောကြောင့် ပြုံးမိရသေးသည်။ တစ်ခါတလေဆိုလျှင် ကလေးလေးတစ်ယောက်နှယ် မိမိကို ချွဲတတ်သေးသည်။ စချစ်ခဲ့သည်မှာ ကျွန်တော်ဆိုပေမယ့် မောင်က ကျွန်တော့်ထက် ချစ်သေးသည်။ မောင်ဟာ အချစ်ဦး ဖြစ်သောကြောင့် ကျွန်တော့်၏ ရင်ထဲမှာ သူ တစ်ဦးတည်းသာလျှင် ရှိပေသည်။

ရင်ထဲ အသည်းထဲက မောင်သည် တစ်နယ်တစ်​ကျေးကို ခရီးထွက်နေရသူမို့ ကျွန်တော့်မှာ အမြဲတမ်း စိုးတထိပ်ထိပ်ဖြင့်ပင်။ လမ်းခရီးအတွက် ပူပန်ရ၊ တစ်နယ်မှာ တခြားလူတွေနဲ့ ရင်းနှီးနေမလား စိုးရိမ်ရဖြင့် ကျွန်တော့်မှာ အပူသည် လုံးလုံး ဖြစ်နေရသည်။

~ မောင်သွားရာ ~Where stories live. Discover now