𝗦𝗼𝗻𝗴 𝗢𝗳 𝗧𝗵𝗲 𝗦𝗼𝗿𝗿𝗼𝘄 𝗕𝗶𝗿𝗱 ⧸⧸ 𝗖𝗵𝗮𝗽𝘁𝗲𝗿╺ 𝗜 ❮𝗨𝗻𝗶❯

648 62 35
                                    

Altaras ကုန်းမြေ...။

ယင်းကုန်းမြေတွင် ကြယ်တာယာ အစုအဝေးကြီး၏ ပေါက်ကွဲမှုမှ ပေါက်ဖွားလာကြသော မျိုးနွယ်စု‌လေးခုက ပြည်ထောင်လေးပြည်ထောင်ပိုင်း၍ အတူတကွ နေထိုင်ကြသည်။

Vampire ၊ သမန်းဝံပုလွေ ၊ နဂါးတွေနဲ့ လူသားတွေ။

အစတွင် ရောနှောနေထိုင်ကြရာမှ အချိန်ကြာလာတော့ ၎င်းတို့ကြား နယ်မြေနှင့် သက်ဆိုင်သော ကတောက်ကဆဖြစ်စရာ ကိစ္စများ ရှိလာခဲ့သည်။

ကတောက်ကဆ ဖြစ်စရာ ကိစ္စများ...။

ထိုမှ စစ်ပွဲများသို့။

မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ဤနယ်မြေလုခြင်း တိုက်ပွဲများဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ၌တော့ ငြိမ်းချမ်းရေးစာချုပ်တွင် တံဆိပ်တုံး ရိုက်နှိပ်ရင်း အဆုံးသတ်ခဲ့ကြသည်။

ကြုံရာအရပ် ပြောင်းရွှေ့ကြရင်း လုယူသိမ်းပိုက်နေသော နယ်မြေများအစား ၎င်းတို့ အခြေချစရာ နယ်မြေအသီးသီးကိုလည်း သတ်မှတ်ခဲ့ကြ၏။

မြူထူထပ်သည့် အနက်ရောင် တောင်တန်းများနှင့် ခြောက်သွေ့အေးစက်သော မြေပြန့်လွင်ပြင်များ ရှိရာ အရှေ့အရပ်၌ Vampire မျိုးနွယ်စု။

စိမ်းလန်းစိုပြေသော သစ်တောနှင့် တောင်ကုန်း ၊ တောင်တန်းများ ပေါများရာ တောင်အရပ်၌တော့ တိရိစ္ဆာန်ဗီဇရောသည့် သမန်း‌ဝံပုလွေမျိုးနွယ်စု။

စိုက်ပျိုးမြေ ဖြစ်ထွန်းကာ ဥတုငါးပါးနှင့် သာယာသောမြေရှိသည့် အနောက်အရပ်၌ လူသားမျိုးနွယ်စု။

သယံဇာတ ပေါကြွယ်၀၍ သဘာ၀၏ ကချိုးအလှအား မျက်စိတဆုံး ရှုစားနိုင်သော မြောက်အရပ်၌တော့ နဂါးမျိုးနွယ်စု။

အပိုင်းလေးပိုင်း ခွဲကာ Villarian ၊ Gloomwood ၊ Oakcross နှင့် Haelios ဟူသော ပြည်ထောင် လေးခုအဖြစ် အသစ်ပြန်လည် ထူထောင်ခဲ့ကြသည်။

လွယ်ကူသော ပိုင်းခြားခြင်း မဟုတ်ခဲ့သော်ငြား နောက်ဆုံး၌တော့ ဘုံရည်ရွယ်ခြင်း တစ်ခုအတွက် ယင်းမျိုးနွယ်စု လေးခုဟာ ထိုနယ်မြေများအား လက်ခံခဲ့ရသည်။

ငြိမ်းချမ်းရေး စာချုပ် အတွင်းရှိ အချက်များအရ တစ်ဘက်နှင့်တစ်ဘက်လည်း အကူအညီ လိုအပ်လျှင် ရိုင်းပင်းကူညီကြရသည်။

𝗦𝗼𝗻𝗴 𝗢𝗳 𝗧𝗵𝗲 𝗦𝗼𝗿𝗿𝗼𝘄 𝗕𝗶𝗿𝗱  ▍𝗛𝗲𝗲𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻 Where stories live. Discover now