Ep-7(uni+Zg)🌼

1.2K 149 12
                                    

7

Jiminသည် ဒီမနက်တွင်တော့  စောစောနိုးနေလေသည်။ အကြောင်းကား သူဒီနေ့တွင် ဆေးရုံသို့သွားရန်ဖြစ်သည်။ထို့ကြောင့်စောစောထကာပြင်ဆင်လေပြီး Bamအား

"Bamရေ ပါးပါး အပြင်လေးခနသွားချင်လို့ မင်းကိုလည်းခေါ်သွားလို့မရဘူး အဲ့ဒါကြောင့်အိမ်မှာ လိမ်လိမ်မာမာနေခဲ့နော် အိမ်တံခါးကိုသော့ခတ်ခဲ့မယ် Bamခြံထဲမှာနေခဲ့နော်......"

Jiminသည် ပြင်ဆင်ပြီးနော် ဆေးရုံသို့သွားလေသည်။ လမ်းထိပ်ရှိကားမှတ်တိုင်မှ ဆေးရုံသို့နာရီဝက်ကြာ သွားရလေသည်။ Jiminသည်လမ်းလျှောက်လုံးစိတ်လှုပ်ရှားကာ သူ့၏အကျင့်အတိုင်း လက်ချောင်းလေးများအား အချင်းချင်းကုတ်ဖဲ့နေလေသည်။ နာရီဝက်အကြာတွင် ကားသည် ဆေးရုံ၏ မျက်နှာခြင်းဆိုင် တဖက်လမ်းမ မှတ်တိုင်တွင်ရပ်လိုက်လေသည်။ Jiminသည် ကားပေါ်မှဆင်း၍ လမ်းကူးကာ ဆေးရုံထဲသို့ဝင်သွားလိုက်ပြီး ကောင်တာသို့သွားကာ

"ဒေါက်တာ မင်ဂျီအွန်းနဲ့ တွေ့ချင်လို့ပါဗျ"

ထိုအခါကောင်တာရှိ သူနာပြုမလေးတယောက်က

"personal ကိစ္စလား "

"မဟုတ်ပါဘူး ကျနော်......."

Jiminသည် ပြောနေရင်းဖြင့်ခေါင်းအားငုံ့လိုက်ကာ ဘာမှဆက်မပြောပဲနေလေသည်။ထိုအခါသူနာပြုမလေးက

"ရက်ချိန်းယူထားလားရှင့်"

"မယူရသေးပါဘူး"

"ဟုတ်ကဲ့ပါ ဒါဆို ဆေးမှတ်တမ်းစာအုပ်လေးကိုဖြည့်ပေးပါနော် အကို့နာမည်ရယ် အသက်ရယ် နေရပ်လိပ်စာရယ်ပါပဲ"

"ဟုတ်ကဲ့ပါ"

Jiminသည် သူနာပြုမလေးပေးသော ဆေးစာအုပ်တွင်အချက်အလက်များဖြည့်ပြီးသောအခါထိုသူနာပြုမလေးက

"ဒါဆိုရင် ဟိုနားကခုံမှာခနစောင့်ပေးပါ ခနနေလူနာတွေခေါ်တော့မှာပါ....."

"ဟုတ်ကဲ့"

Jiminသည် သူနာပြုမလေးညွှန်ပြသော ခုံတန်းတွင်ဝင်ထိုင်နေလိုက်သည်။ တခြားသောလူနှစ်ယောက် သုံးယောက်လောက်လည်းရှိနေသေးသည်။ မိနစ်၂၀ အကြာတွင်

While We're Young Dumb(Completed 🌼)Where stories live. Discover now