-0-

193 22 2
                                    

တင်း တောင် (ကျောင်းခေါင်းလောင်းထိုးသံ)

ကျောင်းကစားဆင်းချိန်ဖြစ်၍ ကလေးများသည် စာသင်ခန်းအတွင်းမှ ကျောင်းဝင်းတွင်းရှိ ကစားကွင်းထဲသို့ ပြေးထွက်လာကြသည်။

ကလေးတစ်ချို့ကျလည်း သူ့အုပ်စုနှင့်သူ အေးအေးချမ်းချမ်းဆော့နေကြပြီး တစ်ချို့ကျတော့လည်း ကစားစရာများလုရင်း ရန်ဖြစ်နေကြသည်မလို့ ဆရာမများမှ ဝင်ထိန်းပေးနေရသည်။

ထိုကလေးအုပ်စုထဲမှ သီးသန့်ကွဲထွက်နေသည့် ကျောင်းသားတစ်ယောက်လည်း ရှိနေခဲ့သည်။ သီးသန့်စီရှိနေကြသည့် အုပ်စုများနှင့် အရောဝင်ခြင်းမရှိသလို သီးသန့်ရှိနေသည့် ကျောင်းသားများနှင့်လည်း သွားရောနောခြင်းမရှိ။

လူအုပ်နှင့် ခပ်လှန်းလှန်းတွင်ရှိသည့် ဒန်းလေးပေါ်တွင်ထိုင်ကာ ဒန်းကိုပင် လွှဲကာ တစ်ဦးတည်း သီးသန့်ထိုင်နေသည့် ဆံပင်ကောက်ကောက်နှင့် ကလေးတစ်ယောက်လည်းရှိသည်။

တကျွီကျွီမြည်နေသည့် ဒန်းကိုလွှဲရင်း ပေါ်လာလိုက်ပျောက်လိုက်ဖြစ်နေသည့် အရိပ်ကို လိုက်ကြည့်နေမိသည်။ မည်သူနှင့်မှလည်း အပေါင်းအသင်းမလုပ်ချင်သည်ကြောင့် သီးသန့်သာ ခွဲနေမိသည်။

ထိုအချိန် ရှေ့သို့ရောက်လာသည့် ခြေအစုံကြောင့် လွှဲနေသည့် ဒန်းကိုရပ်ကာ မော့ကြည့်လိုက်မိသည်။ နေအလင်းရောင် စူးနေသည်မလို့ မျက်မှောင်ကို ကျုံ့လိုက်ကာ နေရောင်အား လက်ကာလိုက်သည်။

ထိုမှသာ ရှေ့တွင်ရပ်ကာ ပြုံးပြနေသည့်ကလေးတစ်ယောက်ကို သေချာမြင်လိုက်ရသည်။ ပါးတွင်လည်း အချိုင့်သေးသေးလေးနှင့် နေရောင်နှင့်အပြိုင် တောက်ပနေသည့် ကောင်လေးတစ်ယောက်။

"အာညော်"

နှုတ်ဆက်စကားဆိုလာတော့ ဝဋ်ကြေတန်းကြေသာ ပြန်နှုတ်ဆက်လိုက်မိသည်။

"အွန်း"

"နာမည်ဘယ်လိုခေါ်လဲ ငါက ထယ်ရယ် ကင်မ်ထယ်ရယ်"

"ရှန်ချွမ်ရွေ့"

"အွန်း မှတ်ထားလိုက်ပြီ ငါတို့ သူငယ်ချင်းလုပ်ကြရအောင် ရွေ့ရွေ့"

We can't be friends Where stories live. Discover now