-1-

95 19 0
                                    

တကယ်တော့ ချွမ်ရွေ့နဲ့ ထယ်ရယ်ရဲ့ ဆက်ဆံရေးက ဟန်ဘင်း အဲ့ ဆောင်းဟန်ဘင်းဆိုသည့်သူ မရောက်လာခင်အထိ နှစ်ယောက်သားက အေးအေးဆေးဆေး။ ထိုသူ ရောက်လာတဲ့နေ့ကစပြီး ထယ်ရယ်က ပြောင်းလဲ သွားတော့တာပဲ။

အထက်တန်းကျောင်းများ ပြန်ဖွင့်သည့်နေ့

အထက်တန်းပထမနှစ်၏ နှစ်စတွင် ကျောင်းသားများသည် ကျောင်းတော်ကြီးဆီသို့ ဦးတည်နေကြသည်။ ထိုကျောင်းသားများထဲ ရှန်ချွမ်ရွေ့နှင့် ထယ်ရယ်လည်းပါသည်။

ထယ်ရယ်က ကျွန်တော့် စက်ဘီးနောက်တွင် လိုက်လာခဲ့ရင်း ကျောင်းဝန်းထဲသို့ ဝင်လာခဲ့သည်။ ကျောင်းထဲသို့ရောက်တော့ ၂ယောက်အတူတူ တန်းခွဲကြေငြာထားသည့် ဘုတ်အားအရင်သွားကြည့်ကြသည်။

"အတန်း ၃-၁ပဲ ချွမ်ရွေ့ မင်းကော"

ကျွန်တော်ပြန်မဖြေပဲ ထယ်ရယ့်လက်ကို ဆွဲကာ ကျွန်တော့နာမည်တွင်ထောက်ပြလိုက်တော့ အတန်းအတူတူဆိုတာ ထယ်ရယ်သိလိုက်သည်။

အတန်းထဲကိုလည်း ၂ယောက်အတူတူသွားလိုက်ပြီး အတန်း၏ နောက်ဆုံးတန်းရှေ့ခုံတွင် အတူတူထိုင်လိုက်ကြသည်။

အတန်းစချိန်ရောက်တော့ ဆရာဝင်လာပြီး ဆရာ့နောက်တွင် မျက်နှာသစ်ကျောင်းသားတစ်ယောက်လည်း ပါလာခဲ့သည်။ အဲ့တာကို ကျွန်တော် စိတ်မဝင်စားပါ။ ကျွန်တော်စိတ်ဝင်စားတာ ကင်မ်ထယ်ရယ်ပဲ ရှိသည်။

"ကဲ အားလုံးပဲ ပြန်တွေ့ကြပြန်ပြီနော် အတန်းခေါင်းဆောင်ကတော့ ထုံးစံအတိုင်း ထယ်ရယ်ပဲ လုပ်လိုက်နော်"

"ဟုတ် ဆရာ"

ကျွန်တော်ထိုစကားတွေကို နားမထောင် ဘေးနားတွင် ကုပ်ကုပ်နှင့် စာအုပ်ဖတ်နေပြီဖြစ်သော ထယ်ရယ့်ကိုသာ ကြည့်နေခဲ့သည်။ သို့သော် ကျွန်တော့်အာရုံကို ဖြတ်လိုက်သည်က ဆရာပြောလိုက်သည့် စကားပင်။

"ဒါကတော့ ကျောင်းသားသစ် ဆောင်းဟန်ဘင်း။ ဟန်ဘင်းက ထယ်ရယ်နားထိုင်လိုက်။ ချွမ်ရွေ့ကတော့ နောက်ခုံပြောင်းထိုင်လိုက်နော်"

"ဆရာ"

"ချွမ်ရွေ့"

ကျွန်တော်က ဆရာ့ကို ပြန်ပြောမလို့ လုပ်နေတုန်းမှာ ထယ်ရယ်က လက်ကိုဆွဲပြီး တားလိုက်တာကြောင့် ကျွန်တော်စိတ်ကို လျှော့လိုက်ပြီး လွယ်အိတ်ကို ဆွဲပြီး နောက်ခုံသို့ပြောင်းလိုက်သည်။

We can't be friends Where stories live. Discover now