4

132 15 15
                                    

"Wen ငါတို့ စကားနည်းနည်းပြောလို့ရမလား?"

Alan အစ်မဆိုသူ ပြန်သွားကတည်းက သူ့စိတ်ထဲ တနုံ့နုံ့နဲ့။ အလုပ်လုပ်နေပေမယ့်လည်း စိတ်ကပါမနေဘူး။ Alan ဆိုသူကလည်း သူ့ကိုဖုန်းဆက်မလာဘူး။ Giapa လုပ်လက်စကို ချလိုက်ပြီး အိတ်ကဒ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး Wen ဆီ ဖုန်းဆက်လိုက်တယ်။ အချိန်ကလည်း ညနေစောင်းနေပြီမို့ ဆိုင်ကိုပိတ်လိုက်လည်း ကိစ္စရှိမနေတော့ဘူး။

ထူးထူးဆန်းဆန်း အကြောင်းကိစ္စမရှိပဲ သူ့ကို ဖုန်းဆက်ပြီး အိမ်ကိုရောက်လာတဲ့ Giapaကြောင့် Wen နည်းနည်းတော့ ရှိန်ရတယ်။ ဦးလေး Jim ကလည်း ဆိုင်မှာမရှိသလို Liming ကလည်း Heart လာခေါ်သွားလို့ အပြင်ထွက်သွားတာကြောင့် ဆိုင်စောပိတ်ပြီး အိမ်ပြန်လာခဲ့တဲ့ Wen ခုတော့ ရှေ့မှာ Giapa က ထိုင်နေတယ်။

"ငါ... ကွေ့ဝိုက်ပြီး ပြောမနေတော့ဘူး.. သိချင်တာရှိလို့"

"အင်း ပြောလေ ဘာလို့လဲ"

"မင်းနဲ့ Alan ရဲ့ ပတ်သတ်မှုကို ငါတိတိကျကျ သိချင်တယ် Wen"

Giapa ရဲ့ စကားကြောင့် Wen နည်းနည်းထိတ်လန့်သွားတယ်။ ခုချိန်မှာ Wen ရော Alanရောက တစ်ယောက်အပေါ် တစ်ယောက် ဘာစိတ်မှ မရှိတော့ပေမယ့် အရင်တုန်းကတော့ ချစ်သူဆိုတဲ့ဆက်ဆံရေးအောက်မှာမလား?။

ဦးလေး Jim က သူတို့ကိစ္စကိုသိလို့ သိပ်ပြဿနာမရှိပေမယ့် Giapa အတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ Alan ကိုယ်တိုင်ကလည်း သူတို့၂ယောက် ပတ်သတ်ခဲ့မှုကို Giapa ကို ဖုံးထားချင်ခဲ့တာ။

"ဟို.."

"မင်းတို့က သူငယ်ချင်းထက် ပိုခဲ့ကြတယ်မလား?"

"ငါ မင်းကို ဘယ်လိုပြောပြရမလည်း မသိဘူး အရင်က ဘယ်လိုတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုချိန်မှာ ငါတို့က သူငယ်ချင်းပါ"

"ငါသိပါတယ် မင်းမှာ ဦးလေး Jim ရှိနေတာပဲကို ငါက ဒီတိုင်း သိချင်ရုံသပ်သပ်ပါ ခေါင်းထဲ သိပ်မထည့်ပါနဲ့"

Giapa က ပြုံးပြီး ပြောလာတယ်။

"ဒီကိစ္စမှာ ငါလည်း ကာယံကံရှင်ဆိုတော့ ငါ့အမှားလည်းမကင်းပါဘူး အစကတည်းက မင်းကို ပြောပြခဲ့သင့်တာ Alan က မင်းကို အဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှမပြောပြချင်တော့ ငါလည်း မပြောပြဖြစ်လိုက်တာ"

Moonlight Chicken Alan&Giapa Side StoryWhere stories live. Discover now