1

1.2K 94 10
                                    

Unicode
.
.
.
.

လမ်းမတစ်ခုမှာပြေးလွှားနေတဲ့သူတစ်ယောက် အတိအကျပြောရရင် လမ်းကြားတစ်ခုထဲကိုအပြေးသွားနေတဲ့ကောင်လေးငယ်ငယ်။ထိုသူ့ရဲ့အနောက်မှာလိုက်လာတဲ့သူတွေကသေနတ်ကိုယ်ဆီကိုင်ဆောင်ထားကြပြီးရှေးကပြေးနေတဲ့လူကိုပြစ်ခတ်နေလေသည်။ရှေ့ကလူကလည်း ပြစ်လာသမျှကျည်ဆံတွေကိုရှောင်ရှားရင်း ဖုန်းကောတစ်ခုကိုခေါ်လိုက်တယ်ဆိုရင်ပဲ

"L-85 ပြောပါ"

"ဆုံရပ်မှာစောင့်နေ ကျွန်တော်အခုထွက်လာပြီ xxxနေရာမှာလူတွေလာခေါ်"

"ok အခုပဲအဲ့ကိုလူလွှတ်လိုက်မယ် ဆုံရပ်မှာစောင့်နေတယ်"

leo နောက်ကလိုက်လာတဲ့သူတွေရဲ့ပြစ်ခတ်မှုကြောင့် ကျည်ဆန်တွေကိုရှောင်ရှားရင်း ခါးကြားထဲကဘောပင်ကိုထုတ်လိုက်ပြီး ပြေးလာနေတဲ့သူတွေထံလှည့်ပြစ်လိုက်သည်။ဘောပင်ကထိုနေရာကိုကျသွားတာနဲ့ အုန်းခနဲထပေါက်ပြီးပီကေလိုကပ်စေးစေးအရာတွေထွက်လာတာမို့ ထိုလူတွေကတက်နင်းမိပြီးကပ်နေလေသည်။

leo ခါးပတ်ပေါ်ကခလုတ်လေးကိုနှိပ်လိုက်တော့ အကြည်ရောင်ကာထားတဲ့အတန်းလေးပေါ်ထွက်လာကာ leoတစ်ကိုယ်လုံးဖုံးလွှမ်းပြီးကာထားလေသည်။ ဒါနဲ့ဆိုအဲ့ကောင်တွေသေနတ်နဲ့ပြစ်လည်းကြောက်စရာမလိုတော့။leo မိမိတို့ဌာနချုပ်ကိုပြန်ဖို့ ဆုံရပ်ကိုသွားလိုက်သည်။နောက်ကကျန်ခဲ့တဲ့သူတွေလား ထိုသူတွေ သုံးရက်တိတိအဲ့နားကခွာနိုင်မှာမဟုတ်တော့။ကျန်တာကိုဌာနချုပ်ကရှင်းလိမ့်မယ်။

ကျွန်တော့်နာမည်က leo ဒါက Spy လောကမှာရှိတဲ့နာမည်ပေါ့ အမှတ်စဥ်က L-85 အများစုကတော့ leoလို့ပဲခေါ်ကြတယ်။Spy တစ်ယောက်ဖြစ်ရတာ ထင်ထားသလောက်မလွယ်ဘူး ခုပဲကြည့်လေ ကျွန်တော့်နောက်ကိုလူဆိုးတွေလိုက်လာတယ်။ဒါက ကျွန်တော့်အတွက်တော့အထူးဆန်းဆုံး​ဖြစ်ရပ်ကြီးပဲ။Spy ဆိုတာပေါ်သွားရင် အသွင်ယူရုပ်ဖျက်ခြင်းလည်းဆုံးရှုံးသွားသလို Mission လည်းနှောင့်နှေးစေတယ်။ကျွန်တော့်သက်တမ်းတစ်လျှောက် ခုလို Spyဆိုတာမပေါ်ဖူးဘူး။ဘယ်ဂိုဏ်းမှာအယောင်ဆောင်လှုပ်ရှားပါစေ ဘယ်သူမှကျွန်တော့ကိုSpy မှန်းမသိဘူး။ခုလူတွေကဘယ်လိုသိသွားတယ်မသိ ကျွန်တော့်ကိုSpyဆိုပြီးလိုက်သတ်တော့တာပဲ။ကျွန်တော့်အကြောင်းဖော်ထုတ်ပေးနိုင်တဲ့ကောင်ကိုချီးကျူးမိပါရဲ့။ကဲခုတော့ ဌာနချုပ်ကိုသွားရတော့မယ် အဲ့ကအဘွားကြီးရဲ့ပွားနည်းတွေခံရတော့မယ်ပေါ့လေ။

Spy with Mafia Unde poveștirile trăiesc. Descoperă acum