ep(24)

2K 135 0
                                    

🖤 CAN 'T LOSE YOU 🖤




ep(24)






"မောင်  ကားထဲမှာ စောင့်နေမယ်  ကြာမှာလား "


သူငယ်ချင်းမွေးနေ့ပွဲ သွားမလို့ ဆိုပြီး အိမ်က တယောက်က သောင်းကျန်းနေတာမို့ ရိပေါ် သူကိုယ်တိုင်ဘဲ လိုက်ပို့ပေးရတော့သည် ။ အေးလေ သူမှ စိတ်မချတာ ။ညဘက်ဆိုတော့ ပိုဆိုး ဒီဟာလေးကို တယောက်ထဲ အပြင်လွှတ်စရာလား ။


"မသိဘူး ၀မ်ရိပေါ် မင်းမစောင့်နိုင်ရင်လည်း ပြန်တော့ ငါ့ဟာငါ လာခဲ့မယ် "

" ခု မင်းက ငါ့စိတ်ကို မသိလို့ အလိုပြောနေတာလား "

" မသိဘူး သိလည်းမသိချင်ဘူး  စောင့်ချင်စောင့် မစောင့်ချင်နေ''

ပြောပြီးတဲ့ဆို ရှောင်ကျန့်က ပါတီပွဲထဲ ၀င်သွားလိုက်သည် ဟိုတယောက် ဘယ်လို ကျန်ခဲ့လဲ သူစိတ်မ၀င်စားပေ အနည်းဆုံးတော့ ဒေါသထွက်နေမှာ အသေချာဘဲ  ။


"'တောက်စ် ဘာလဲကွာ  ! "

သူဘယ်လိုနေပေးမှ ရှောင်ကျန့်က အမြင်ကြည်မှာလဲ ။ ရိပေါ်လည်း စိတ်ပေါက်ပေါက်နဲ့ ကားတခြမ်းဖွင့်ကာ သူ့ဟာသူ ဆေးလိပ် ထိုင်သောက် နေလိုက်သည် ။


"ချီးယားစ်  .... သောက်လေ ရှောင်ကျန့် "


" တော်ပါပြီ ငါမသောက်တတ်ဘူး  မင်းတို့ဘဲ သောက်ပါ "

ပါတီကလည်း လူတော်တော် များများ လာတာမို့ ကြာတော့ ရှောင်ကျန့် စိတ်အိုက်လာရသည် ။ ဟိုတယောက်ကို အရွဲ့တိုက်ချင်လို့သာ လာတာ ဒီလို ဆူဆူညံညံတွေ သူတကယ် မကြိုက်ဘူး ။ အိုက်ဖူက အထက်တန်းတုန်းက သူငယ်ချင်း သူက ရုပ်ချောပြီး တအားစွံတာမို့ သူ့မွေးနေ့ပွဲကို ကောင်မလေးတွေ အများကြီးလည်း လာကြသည် ။



"လုပ်ပါကွာ ငါ့မွေးနေ့ကို ဂုဏ်ပြုတ​ဲ့အနေနဲ့ တငုံလောက်တော့ သောက်ပါသူငယ်ချင်းလေးရာ "

"ဟုတ်ပါတယ်ရှင့် ကိုကို ရှောင်း နဲနဲလောက် သောက်ပါ "

အကုန်လုံးကလည်း ဝိုင်းပြောနေတဲ့ အပြင် သူလည်း သူငယ်ချင်းကို အားနာလို့ တခွက် သောက်လိုက်သည် ။ ဗိုက်ထဲ အရက်၀င်သွားတဲ့ဆို အူရိုင်းလေးမို့ မျက်နှာတွေ ချက်ချင်းရဲတက်လာပြီး ခန္ဒာကိုယ်ကေကပါ ယိုင်ထိုးလာသည် ။ ဖွင့်ထားတဲ့ DJ တွေကြောင့် လူက မြူးကြွလာပြီး ကချင်စိတ်တွေ ပေါက်လာလို့ လူအုပ်ကြားထဲ တိုးဝှေ့ပြီး ကနေသည် ။


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now