𝟔𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐬 * 𝟗 *

3.1K 224 91
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

" ဒေါက်တာ.. ဒေါက်တာ ကျွန်မသားလေး သတိရလာပြီ.. မားမားအလုံးလေး မားမားအူကြူးလေး "

" မား..ဒါကဘယ်နေရာကြီးလဲ.. အာ့"

" သားထိုင်ချင်ရင် မားမားကို ပြောလေ မားမားထူပေးမှာပေါ့ "

"...."

ဝမ်ယူရီ သားသားသတိရလာလို့ ဝမ်းသာအားရ အပြေးလေးသွားတာတောင် စိတ်မြန်လက်မြန် သားသားအကျင့်အရ တစ်ယောက်တည်း ထဖို့ကြိုးစားရာ ပြန်လဲကျသည့်အဖြစ် စိုးရိမ်စိတ်နဲ့ ဆူမိတော့ မားမားအလုံးလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးက ဆူတူတူ ခေါင်းလုံးလေးကလည်း ငိုက်ကျလို့

" လူနာကို အာဟာဟဖြစ်စေသည့် ဖြည့်စွက်စွာများများကျွေးပြီး ဆေးရုံမဆင်းခင်ထိ အစာပျော့တွေပဲ ကျွေးပါ ဆေးရုံဆင်းပြီးရင်လည်း အားဆေးကို ပုံမှန်သောက်ပေးပါ "

" ဟုတ်ကဲ့ပါ ဒေါက်တာ "

လွန်ခဲ့တဲ့ သုံးရက်ကျော်က အရေးပေါ်လူနာအဖြစ်ရောက်လာတဲ့ သေးကွေးနေတဲ့ လူနာလေးထံ အကြည့်ပို့မိသွားသည်။
လူနာရှင်ရဲ့ အမျိုးသားဖြစ်သူကြောင့် ဆေးရုံတစ်ခုလုံး အုံ့အုံ့ကြွပ်ကြွပ် ဖြစ်သွားရသည်။

"Mrs. Xiao ကို ဆရာဝန်တစ်ယောက်အနေနှင့် တစ်ခုသတိပေးချင်ပါတယ် ။ အမျိုးသားဖြစ်သူကို ဆက်ဆံနေချိန်မှာ သိပ်အလိုမလိုက်ဖို့နှင့် နောက်တစ်ပတ်ကျော်လောက်ထိ အတူမနေဖို့ အကြံပေးလိုက်ပါရစေ.. လိုက်နာခြင်း မလိုက်နာခြင်းက Mrs. Xiao ရဲ့ သဘောပါပဲ "

" ဗျာ..ဟုတ်..ဟုတ် "

မားမားဘွိုင်းလေးရဲ့ရှက်ရဲရဲအပြုမူလေးကို
ကြည့်ပြီးနောက် ထိုကောင်လေးရဲ့ သီးသန့်ဒေါက်တာဖြစ်လာရတဲ့အကြောင်းရင်းသို့...

အတော်ဆုံး ဆရာဝန်ဖြစ်တဲ့ ဟုန်လီကို ဆေးရုံအုပ်ကြီးက လူနာရှင်ကြောင့် ထမင်းအိုးပျောက်ကိန်းရောက်နေပြီဟု မရှိခိုးရုံတစ်မယ် တောင်းဆိုလာသည့်အခါ အကျိုးမြတ်မရရင်
လှည့်မကြည့်တက်တဲ့သူ့အဖို့ ဆေးရုံအုပ်သမီးနှင့် စေ့စပ်ကြောင်းလှမ်းတာကို ဖျက်သိမ်းပေးမှုနှင့် အလဲထပ်လုပ်ခဲ့တာဖြစ်သည်။

𝟔𝟎 𝐁𝐢𝐥𝐥𝐢𝐨𝐧𝐬Where stories live. Discover now