Sea Drop

564 83 9
                                    

' ဗင်း!!! '

နောက်တစ်လှမ်း ဆုတ်သွားတဲ့ ဗင်းခြေလှမ်း
တွေက ယူဂျင်းအတွက်တော့ လှောင်ပြောင်
ချင်စရာ ၊ သွေးပျက်သွားတဲ့ ဗင်းမျက်နှာ
က ဘာလဲ ဗင်းနောက်ကလိုက်လာ
သေးတယ် ဆိုတဲ့သဘောမျိုး ထင်မြင်အုံး
မလို့လား ၊ ရယ်ရတယ် ဗင်း ... စိတ်ချ ဒီတစ်
ချိန်တော့ ဟန်ယူဂျင်းဆိုတဲ့ကောင်က
ဟားတိုက်ရယ်ရမဲ့ အချိန်တွေကိုဖန်တီး
အုံးမယ်ဆိုတာ ။

' ယူဂျင်း နင်ကျောင်းမတက်ပြန်ဘူးလား
ကျောင်းကောင်းကောင်းမှာ ထားတယ်
ဆိုတာ အလကားရထားတဲ့ ပိုက်ဆံတွေနဲ့
မဟုတ်ဘူးနော် .... '

ဒီမိန်းမက အချိန်အခါမကြည့်ဘဲ မဆိုင်တဲ့
ကိစ္စတွေပြောဆိုတတ်တာတော့ အာရုံ
နောက်စရာပဲ ... ဟန်ဆယ်ဂျင်းလို ပစိပစပ်
များတဲ့ လူစားမျိုးကို လက်ထပ်ချင်မိတဲ့
ဗင်းဘဝကို ဒီကောင်က စာနာသောအားဖြင့်
လိုက်ပြီး ကန့်ကွက်နေရတာပါ ၊ ဗွေမယူ
စေချင်ဘူး ။

ယူဂျင်းခပ်ထေ့ထေ့လေးပဲ ဆယ်ဂျင်းကို
ပြုံးပြရင်း ထိုနေရာက လှည့်ထွက်ပစ်
သည် ၊ ယခုနလေးတင်မှ ပြေးထွက်သွား
တဲ့ ကောင်မလေးရဲ့ နောက်ကျောပြင်
ဟာ ပကတိအေးမြလို့ ၊ ခါးလယ်ထိဆံပင်
ရှည်ရှည်တွေက ခြေလှမ်းငါးလှမ်းစာ
အကွာမှာတင် ရနံ့မွှေးမွှေးလေးတစ်မျိုး
ကိုပေးစွမ်းသည် ၊ ယူဂျင်းနောက်ဘက်က
ကျန်ခဲ့သည့် မီးလျံလို လူတန်းစားတွေ
နဲ့ လားလားမှမဆိုင် မျက်စိရှေ့က ယူဂျင်း
ချစ်သူကောင်မလေး ပခုံးပေါ်လက်တစ်
ဖက်တင်လေတော့ ကောင်မလေးက
သာသာလေး လန့်သွားသည် ။

ထို့နောက် ဖုန်းနဲ့ရိုက်ထားသော ပင်လယ်
ပြင်ကြီး​၏ အလှတရားများနှင့်အတူ
မီဆိုက သူမ​၏မျက်နှာလှလှလေးကို
ဝင့်ကြွားလာသည့်အခါ ယူဂျင်းပါးပါး
လေးသာ ပြုံးပြဖြစ်မိသည် ။

' လှတယ် '

' တူတူရိုက်မယ် ယူဂျင်း '

တန်ဖိုးရှိတဲ့ မင်းရဲ့မွေးနေ့မှာ မင်းနဲ့
မထိုက်တန်တဲ့ ငါလိုကောင်ကြောင့်နဲ့တော့
စိတ်အဆင်းရဲမခံစေချင်ဘူး ၊ စိတ်ချပါ
မင်းကိုဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ​့
နတ်သမီးတစ်ပါးအဖြစ် ဒီတစ်နေ့လုံး
ကိုယ်က ပြုမူဆက်ဆံပေးမယ် ။

『 𝗕𝗼𝗻𝗱 』Where stories live. Discover now