Part -20

1.8K 40 0
                                    

"ဝင်္ကပါရဲ့အလွန် "
===========
အပိုင်း-၂၀
=======

"ကောင်း..မင်း ဒါ ဘာလုပ်တာလဲ "

ကောင်းက ဆိုဖာတွင် သက်တောင့်သက်သာ ကျောမှီထားပြီး..မျက်လုံးပါမှိတ်ထား​သေးသည်။

"ဘာလုပ်တာလဲ မေးမနေနဲ့ပါနဲ့ သိပြီးပြီမို့ခေါ်တာမလား.."

ဦးမိုးမြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် မင်းက..ဥက္ကဋ္ဌ မဟုတ်တော့ဘူး ဒီလိုမျိုးလုပ်တာက မင်းဘောင်ကျော်တယ်.."

"ဒီတော့... "

"ကောင်း..လူကြီးတွေ စကားပြောနေတာကို လေးလေးစားစား နားထောင်ပါလား"

ဒေါ်မြတ်သုခ စကားက..ကောင်းကို သဲသဲလှုပ်ချစ်တဲ့ဒေါ်မြတ်ပုလဲ ဆက်ဆက်ခါသွား​ေစပြီး...၊

"အော် ကလေးက နေတတ်သလိုနေတာကို နေရာတိုင်းလိုက်မပြောစမ်းပါနဲ့အေ."

"မေမေ"

"ဘာလဲ ငါကြားတယ် "

"မေမေကြောင့် ကောင်းက..ဆိုးတဲ့ကလေးဖြစ်နေတာနော်.."

"ဆိုးပါစေပေါ့ ဆိုးလို့ရလို့သူဆိုးတာ"

"မေမေနဲ့သမီး ရန်မဖြစ်ချင်ဘူး..ဝင်မပြောဘဲ ခဏလေးပဲ နေပေး "

ကောင်း ခါးကို..မတ်မတ်ပြင်လိုက်ပြီး..ဒေါ်မြတ်ပုလဲကိုပြုံးပြလိုက်သည်။

"အဘွားက အကောင်းဆုံးပဲ.."

ဒေါ်မြတ်ပုလဲ မျက်နှာချိုအီသွားရကာ..ကောင်း လက်မောင်းကို သိုင်းဖက်လိုက်သည်။

"အမေက ကျွန်တော်ကို ဘာဖြစ်စေချင်တာလဲ.."

ဦးမိုးမြင့်က ဒေါ်မြတ်သုခကို အဓိပ္ပာယ်ပါတဲ့အကြည့်ဖြင့်ကြည့်သည်။

"ပြောပါ..သူများအကြံမပါဘဲ အမေစိတ်ထဲပါတဲ့အတိုင်း.."

"ရှယ်ယာရှင်အစည်းအဝေးမကျင်းပခင်ထိ..ကုမ္ပဏီနဲ့ပတ်သက်တာတွေ ဘာမှမလုပ်ပါနဲ့..."

ဒေါ်မြတ်သုခ စကားကြောင့် ကောင်း နာကျင်စွာနှုတ်ခမ်းလေးမဲ့ကျသွားသည်။

ဘာမှမလုပ်နဲ့ဆိုတော့ ရှယ်ယာရှင်အစည်းအဝေးအတွတ် သူ့ကို နောက်ဆုတ်ဖို့ပြောနေတာနဲ့အတူတူပဲမလား။

" ဝင်္ကပါရဲ့  အလွန် "Where stories live. Discover now