Mafiaကတော်က အဆိပ်ပြင်းတယ် 13

77 6 8
                                    

" ထမင်းစားကြမလား "

ခုနကအ‌ခြေနေကိုအနေရခတ်လို့ထမင်းစားဖို့
အ‌ကြောင်းပြလိုက်မှ ပိုဆိုးကုန်လားမသိဘူး
ကြက်သားပန်းကန်ထဲကဇွန်းကို တန်ဖိုးကြီးရတနာ
တစ်ခုလို မဟာနဲ့မမှီ မှာဝိုင်းလုနေကြတာ တချွမ်ချွမ်
တောင်မြည်လို့ ဘေးကသူတို့ 5ယောက်မှာလဲ
ဇွန်းလုနေတဲ့2ယောက်ကို ဇာတ်ပွဲတွေမှာ တင်
ဆက်တဲ့မျောက်ကပွဲအလား မျက်‌တောင်တစ်ချက်
မခတ်ဘဲစိုက်ကြည့်နေကြတာ လှုပ်တောင်မလှုပ်

* ဖတ် *

* ခွီး *

အသံနှစ်သံဟာရှေ့နောက်ဆက်တိုက်ထွက်ပေါ်လာတယ် တစ်ခြားတော့မဟုတ်ဘူး ဖတ်ဆိုတာက မဟာတို့လုနေတဲ့ ကြက်သားချက်ပန်းကန်ထဲက
ကြက်သားကလုပါများပြီး ဆီလျော်ကာ မင်းခ
မျက်နာတည့်တည့်ဆီ ဖတ်ကနဲမြည်စွာသွားကပ်
‌နေလေရဲ့ နောက်ဆက်တွဲအသံကတော့ပြေးကြည့်စရာမလိုတွေးကြည့်တာနဲ့ အမောင်9တို့အဖွဲ့ ရီသံသာ ဘယ်လောက်ကျယ်မကျယ်ဆို အိမ်အမိုး
‌တောင်ပွင့်ထွက်သွားနိုင်တယ်ဆိုတဲ့ အတ္တိသယ
ဝုတ္တိအလကာင်္တောင်ဖွဲ့ချင်စမ်းပါရဲ့ မဟာနဲ့မမှီမှာလဲ
ပါးစပ်ကလေးဟကာ မင်းခရဲ့ကြက်သားကပ်နေတဲ့
မျက်နာကိုတအံ့တသြငေးမောလျက် မင်းခမျက်နာမှာတဲ့ ခရမ်းသီးမီးဖုတ်ထားသလို ရှုံ့တွမဲ့ရွဲ့‌နေလျက် တော်တော်ကြည့်ရဆိုးလိုက်ပါဘိ

* ဒုန်း *

" ပြန် ပြန်ထိုင်ပါမင်းခရယ် ငါ့သူငယ်ချင်းလေးက
ဒီလိုလေးလဲတစ်မျိုးလေးချောနေလိုက်တာ ကြည့်
စမ်းပါအုံး ဟုတ်တယ်မလား "

" ဟုတ်တယ် ဟုတ်တယ် မမှီပြောတာမှန်တယ်
မင်းခဆိုတဲ့ငါ့ကောင်က ဘယ်လိုဘယ်ပုံစံ ဘယ်
ရှုထောင့်ကကြည့်ကြည့် ချောမောနေတဲ့ နတ်သား
လေးတစ်ပါးအလား .... "

" တိတ် "

ကိုးမှာပြေရာပြေ‌ကြောင်း ဝင်ဖြန်ဖြေပေးပါတယ်
မင်းခရဲ့တိတ်ဆိုတဲ့အသံမှာ ငြိမ်ငြိမ်ကလေးပြန်နေ
လိုက်ရတယ် တော်ကြာသူ့ဒေါသမီးအရှိန်က ကိုယ့်
ဘက်ကိုဦးတည်လာမှပြေးပေါက်မှားနေလိမ့်မယ်

" ဟို ဟို "

" ငါတို့တိတ်တိတ်ကလေး ‌နေလိုက်ကြရအောင် "

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now