Werewolf & Vampire (part22)

53 5 0
                                    

joelမြစ်ဖြစ်သူ၂ယောက်အားအခန်းထဲ၌ဆူဆုံးမနေလေသည်။

Joel - ''မြစ်တို့လုပ်ပုံကကောင်းသေးရဲ့လားဟမ်...flinမိသားစုကိုဘယ်လောက်အားနာစရာကောင်းလောက်လဲ...မြစ်တို့၂ယောက်ကyitalမိသားစုကိုအရှက်ရအောင်လုပ်လိုက်တာဘဲ...အဘိုးမင်းတို့ကိုအပြစ်ပေးမှဖြစ်တော့မယ်....fenellaလာခဲ့စမ်း...''

fenellaဘိုးဘေးjoelခေါ်သံအပြီးမှာတင်ချက်ချင်းအခန်းထဲကိုရောက်လာခဲ့လေသည်။

Fenella - ''ဘိုးဘေးကျနော်ရောက်ပါပြီး''

Joel -''ငါ့ကိုကြာပွတ်ပေး..ဒီကောင်တွေကမဟာမျိုးနွယ်ရဲ့ဘိုးဘေးကိုတောင်ပြန်ပြောရဲနေတာ....ငါဆုံးမမှဖြစ်တော့မယ်.

Fenella - ''ဒါပေမယ့်...''

Joel -''ငါမင်းကိုပြောနေတယ်!!fenella..''

Fenella - ''ဟုတ်ကဲ့ဘိုးဘေး......''

fenellaကြာပွတ်ကိုသွားယူပြီးပြန်လာခဲ့လေသည်သခင်လေးတို့၂ယောက်ကိုစိတ်မကောင်းစွာကြည့်ပြီးဘေးနားတွင်သာရပ်နေလေသည်။

Xenia - ''ကျနော်တို့ဘာလုပ်လို့အဘိုးကအခုလောက်ထိအပြစ်ပေးတာလဲ...''

Zella - ''ကျနော်တို့အဘိုးကိုအရှက်ရအောင်လုပ်ခဲ့လိုအခုလိုလုပ်တာလားအဘိုးကအတ္တသမားဘဲ...ကျနော်တိူ့ကြောင့်အဘိုးအရှက်ကွဲခဲ့တယ်ဆိုရင်ကျနော်ကဘဲညီလေးအစားတောင်းပန်ပါတယ်...ညီလေးမှာအပြစ်မရှိဘူးကျနော်ကဒီရန်ပွဲကိုစဖြစ်စေခဲ့တာဘဲကျနော်ဘဲအပြစ်ခံယူသင့်တယ်...''

Xenia - ''သူတော်ကောင်းလိုလိုဘာလိုလိုနဲ့ငါ့အရှေ့မှာသူရဲကောင်းယောင်ဆောင်မပြနေပါနဲ့....ကျီးကန်ကဘယ်လောက်ဘဲဒေါင်းယောင်ဆောင်နေပါစေဘယ်တော့မှဒေါင်းအစစ်ဖြစ်လာမှာမဟုတ်ဘူး..အဲလိုဘဲမင်းဘယ်လောက်ဘဲသူတော်ကောင်းယောင်ဆောင်နေပါစေမဟာနန်းတော်ရဲ့သခင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာမင်းသိထား.လိုက်zella.....''

Zellaညီဖြစ်သူXeniaရဲ့စကားတွေကြောင့်နောက်ဆုံးတော့သဘောပေါက်သွားလေသည်။

# Zella - ''ဪညီလေး..ညီလေး..မင်းကမဟာသခင်နေရာကိုအဘိုးကငါ့ကိုဆက်ခံဖို့ရွေးချယ်ခဲ့လိုမင်းငါ့ကိုအမုန်းကြီးမုန်းနေတာကိုးးး..မင်းငါ့ကိုစကားမပြောဘဲမုန်းတီးရှောင်ဖယ်နေတဲ့အဖြေကမဟာသခင်နေရာကြောင့်ကိုးးးငါနားလည်ပါပြီး...''

WEREWOLF & VIMPIREWhere stories live. Discover now