"🏃☔"မိုးပြေး"☔🏃"Ep.24(U,Z)

237 26 0
                                    

#YiZhan
ကျောခိုင်းသွားသော ထိုစုံတွဲလေးအားငေးမောရင်း ရိပေါ်တယောက် ခုံတန်းလျားလေးမှထကာ အိမ်ပြန်လမ်းဆီသို့သာ....

ထိုညက ဝမ်ရိပေါ်တယောက်အိပ်၍မပျော်ခဲ့ ....မျက်လုံးထဲမှာစွဲကျန်ရစ်နေတဲ့ပုံရိပ်လေး ....
သေချာပြောရလျှင် တယောပညာရှင်
ဖက်ထုပ်လူသားလေး...

သူ့မျက်နှာလေးသေချာမမြင်ဖူးသည့်တိုင်အောင် မိမိမြင်ခဲ့ရသည့်အစိတ်အပိုင်းလေးများ
တယောထိုးတံလေးကိုပဲ့ကိုင်နေသော လက်ချောင်းသွယ်သွယ်လေးတွေ..
အနက်ရောင်နေကာမျက်မှန်၏နောက်မှာပုန်းချိုနေတဲ့ ရေသေကန်လို ကြည်လင်ပြီးတည်ငြိမ်‌ေနတဲ့
မျက်ဝန်းညိုညိုတွေ....
လေအဝှေ့တိုင်းဝဲပျံနေတဲ့
ဆံနွယ်နုအိအိလေးတွေ..
အ‌ဓိက ထိုဖက်ထုပ်လေးရဲ့
ကိုယ်သင်းနံ့..နင်းဆီရနံ့သင်းသင်းလေး

ထိုရနံ့လေးကိုရဖူးသလိုလို
ရင်းနှီးနေပေမယ့် ဘာကိုစဉ်းစားစဉ်းစားထိုးကိုက်လာတဲ့ဦးခေါင်းကြောင့် ရေရေရာရာအဖြေရှာမရခဲ့...

--------*****
❤️"ဟင့်အင်း ....ဝမ်အာ....မထားသွားပါနဲ့ဝမ်အာ....ပြန်လာခဲ့....ပြန်လာခဲ့ပါ
မထားသွားပါနဲ့......ဝမ်အာ...."

💊💉"ရှောင်း ရှောင်းလေး
သတိထားဦးလေ ..ရှောင်း...ခလေးလေး..."

❤️"...ဟင့်...ကော...အဟင့်,..."

💊💉"အိမ်မက်ပါ ခလေးရယ် ...
ကိုယ်ရှိတယ် မငိုနဲ့နော်...."

ဒေါက်တာကုဝေ ကရှောင်းကျန့်အပေါ် နှလုံးသားကအရောင်ပြောင်းနေပေမယ့် အသိစိတ်တို့ထိန်းချုပ်ကာ ထိုခလေးကို ဖြူစင်စွာစောင့်ရှောက်ပေးနေခဲ့သည်သာ....နှလုံးသားမှချစ်ခြင်းတို့ကိုလှစ်ဟပြမိကာမှ ပွဲလန့်တုန်းဖျာခင်းသည့်သူလို့ အမည်မခံယူလိုပါ...

ဒီခလေးငယ်ကို အသက်ထက်မြတ်နိုးပါသည်...သို့သော် ချစ်သမျှကိုလှစ်ပြဖို့တော့ စိတ်ကူးမရှိပါ... .,ဒီခလေးနား
နွေးထွေးစွာ ကြင်နာစွာနဲ့ အဖြူရောင်မေတ္တာကိုသာ ပေးသွားချင်ပါသည်...

အခုဆို ရှောင်လေးကို မိမိတယောက်ထဲအနီးကပ်စောင့်ရှောက်ပေးနေခဲ့သည်မှာ 2နှစ်ဝန်းကျင်ရှိပေတော့မည်...
ထိုခလေး၏ နာကျင်ခြင်း ဝမ်းနည်းခြင်း ငိုကြွေးခြင်းတိုင်းမှာလဲ မိမိက အဖော်ပြုလျက်....

🏃☔"မိုးပြေး"☔🏃Where stories live. Discover now