Part - (2)

49 2 0
                                    

မှန်ပြတင်းမှတစ်ဆင့်တိုးဝင်လာသောနေကောင်ဟာကုတင်ပေါ်ရှိလူသားနှစ်ယောက်အပေါ်သို့ဖြာကျလျှက်

နေအလင်းရောင်ကြောင့်ဆက်မအိပ်နိုင်ပဲမူးနောက်နေသောခေါင်းကိုအသာကိုင်လို့မျက်ဝန်းအစုံဖြေးညှင်းစွာဖွင့်လိုက်သည်မိမိခန္ဓာကိုယ်အားတင်းကြပ်စထားသောလူကိုမော့ကြည့်လိုက်သောအခါမြင်လိုက်ရသည်ကမောင့်မျက်နှာချောချော...ရှောင်ကျန့်အသာအယာပြုံးမိသည် စောနမူးနောက်နေသောဦးခေါင်းဟာယခုမှာကြည်လင်လျှက် မောင့်မျက်နှာချောချောကိုထိတွေ့ချင်သော်လည်းသူမရဲမောင်နိုးသွားရင်သူ့အသားကိုထိရမလားဆိုပြီးစိတ်ဆိုနေမှာ ရှောင်ကျန့်အသာငြိမ်၍သာမောင့်ကိုငေးကြည့်နေမိသည်မထူမပါးမျက်ခုံးနှင့်မျက်ခွံပါးပါးမျက်တောင်ခပ်စိပ်စိပ်ထိုမျက်ခွံများအောက်မှာတော့စူးရှသည့်မျက်ဝန်းတစ်စုံရှိပေလိမ့်မယ် နှာခေါင်းလုံးလုံးလေးနှင့်မဖောင်းမကျပါးလေးနှစ်ဖက် ရှောင်ကျန့်မျက်ဝန်းများကတစ်နေရာအရောက်နှလုံးခုန်သံတို့မြန်ဆန်လာသည်မောင့်နှုတ်ခမ်းပါးတွေ သူထိတွေ့ချင်မိပေမယ့်မထိရဲသက်ပြင်းချ၍သာ​အိပ်ရာမှထလိုက်သည်သူမောင့်အတွက်မနက်စာပြင်ပေးရမည်...

ရှောင်ကျန့်အခန်းထဲကထွက်သွားမှရိပေါ်မျက်ဝန်းတို့ပွင့်ဟလာခဲ့ပြီးအပြုံးမမည်သောအပြုံးတစ်ခုသူ့ နှုတ်ခမ်းထက်ဖြစ်တည်လာသည်မှာရိပေါ်ကိုယ်တိုင်တောင်သတိထားမိမည်မဟုတ်...

ရိပေါ်ကုမ္ဗဏီသွားရန်ပြင်ဆင်ကာအောက်ထပ်ဆင်းလာခဲ့ပြီးထမင်းစားခန်းထဲသို့ဝင်လာပြီးစားပွဲမှာထိုင်သည်အထိရှောင်ကျန့်သူ့ကိုမမြင်သေးဘာတွေတကုပ်ကုပ်လုပ်နေမှန်းမသိ ခဏအကြာမှသူရှိရာဘက်လှည့်လာသောသူအခုမှသူ့အားမြင်လေသည်...

" မောင်!...ရောက်နေတာကြာပြီလားမောင်ကြိုက်တဲ့နန်းကြီးသုပ်ကိုအာရုံစိုက်လုပ်နေလို့မောင်ရောက်တာမသိလိုက်တာ "

" အင်း..."

ရိပေါ်တုံ့ပြန်စကားတစ်ခွန်းသာပြောပြီးမိမိအတွက်ပြင်ဆင်ပေးထားသောနန်းကြီးသုပ်ကိုသာစားနေသည်...ရှောင်ကျန့်လည်းဘာစကားမှမဆိုရိပေါ်နည်းတူနန်းကြီးသုပ်ကိုသာစားနေသည်စားသောက်ပြီးရိပေါ်အိပ်ခန်းထဲမှတစ်ခါထဲယူလာခဲ့သောမနေ့ကညကဟိုက်ခွမ်းပေးခဲ့သည့်ဆေးကဒ်များကိုရှောင်ကျန့်ဘေးချပေးလိုက်သည်...

 " ဤချစ်ခြင်းအားမျက်ကွယ်ပြု၍..." (Ongoing)Wo Geschichten leben. Entdecke jetzt