Uni....

ခြေစုံရပ်ကာမလှန်းမကန်းက မက်မွန်ပင်ကိုလှန်းကြည့်နေမိတယ် ။

အရင်ကဆို ဒါကသူပုံပြင်ပြောပြရင် ဘေးကအနှီထုပ်ထဲမှာရှိနေတဲ့ ဝမ်မင်းသားလေး ။

အခုတော့မတူညီစွာပဲ ရွယ်တူ ကောင်မလေးနဲ့အတူထိုင်နေတာမို့ ပါးနှစ်ဖက်ကိုဖောင်းလို့ နှုတ်ခမ်းကလေးဟာခပ်စူစူဖြစ်လာခဲ့တယ် ။

သူတောင်အခုမှအမောတပန်းလာကြည့်တာကို အေးဆေးနေနိုင်တဲ့မင်းသားလေးကိုတော့ စိတ်မဆိုးရက်ပေမယ့်လည်း နှုတ်ခမ်းကတော့သူ့အလိုလိုဆူနေမိတုန်းပဲ ။

ရှောင်းတိုင်းပြည်ရဲ့အိမ်ရှေ့စံလေးရှောင်းကျန့်ဟာ အခုလိုမျိုးကလေးဆန်ခဲ့တဲ့မင်းသားလေးတော့မဟုတ်ခဲ့ပါ။

"ဝမ်မင်းသားလေး"

အသံမကြားဖူး၍ထင် လှည့်ကြည့်လာတဲ့ခေါင်းလုံးလုံးလေး။ စူးစမ်းသလိုမျက်လုံးလေးတွေကတော့ တစ်ကိုယ်လုံးဝေ့‌ဝိုက်လို့ ပါးဖောင်းဖောင်းနှစ်ဖက်ရယ် မျက်ရစ်မရှိတဲ့မျက်လုံးမှေးမှေးကလေးတွေ နှုတ်ခမ်းထူထူကလေးတွေကြည့်ပြီး စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ ရှောင်းကျန့်လေး ရှေ့ထွက်နေတဲ့နှုတ်ခမ်းပါးလေးဟာ အခုတော့ လေးကိုင်းသဖွယ်ကွေးညွှန့်လို့ ။

"ကောကောကိုမသိတော့ဘူးလား"

ဘေးနားကကလေးမလေးကပါစူးစမ်းကြည့်လာတော့သူကအပြုံးကြီးကြီးပြုံးပြမိတယ်။

ဘာတွေအလိုမကျလည်းမသိတဲ့ကလေးငယ်ကတော့ မျက်မှောင်ကလေးကြုံ့လို့ဖြေလိုက်တာကတော့တုံးတိ"မသိဘူး"တဲ့

သူ့ရဲ့နှုတ်ခမ်းလေးတွေရှေ့ကိုထွက်လာရပြန်ပါပြီ။

"သားတော် ဒါကသားတော်ရဲ့ကောကောလေ သားပဲမြင်ဖူးချင်တယ်ဆို"

မိဖုရားချင်းချင်းရဲ့စကားသံကြောင့် ခနကစိတ်ကလေးကြက်ပျောက်ငှက်ပျောက်ပဲ ။
ကလေးလေးကသူ့ကိုမြင်ဖူးချင်တယ်ဆိုပဲ။

"ကောကောကရှောင်းကျန့်တဲ့ မင်းသားလေးရှောင်း ဒါကသားတော်လေးရဲ့သူငယ်ချင်းမလေး အမတ်ရန်ရဲ့သမီး မေရန်တဲ့ ။
သားတော်ကိုတအားကပ်ရှာတာ သားဝမ်ကတော့ငယ်ငယ်ကလိုမဟုတ်တော့ဘူး ရုပ်တည်ကလေးဖြစ်နေပြီ"

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

At The End Of This Story........Where stories live. Discover now