ep(28)

2.2K 153 4
                                    

🖤CAN' T LOSE YOU 🖤







ep(28)



ရှောင်ကျန့်တယောက် ရိပေါ်ရင်ဘက်တွေကို ထုရင်း ပင်ပန်းသွားသည့်အလား မျက်စောင်းထိုးကာ ကုတင်ပေါ်မှာ ပြန်သွားထိုင်နေသည် ။ ထုတဲ့လူသာ မောသွားတယ် ဒီလူရဲ့ ကျောက်တုံးလို ရင်ဘက်က နာပုံမပေါ်  ဒါ့ကြောင့် စိတ်တွေက ပိုတိုလာရသည် ။


" မောင့်ကို ပြကြည့် လက်သေးသေးလေး နာသွားပြီလား "

ရိပေါ်က သူယူလာတဲ့ ပန်းစည်းကို ထိုင်နေတဲ့ ရှောင်ကျန့်ဘေးချထားရင်း ရှောင်ကျန့်ရှေ့ ဒူးထောက်ထိုင်ချကာ လက်သေးသေးလေးကို ယူကြည့်လိုက်သည် ။ ဒါကို သူ့အချစ်က လက်ကို ပြန်ရုန်းနေလို့ ရိပေါ် လက်ကောက်၀တ်ကနေ ဆွဲထားရသည် ။


" အ့ နာတယ်လေ ဘာလို့ ပြန်ဆွဲနေတာလဲ "

ရိပေါ်က လက်ကောက်၀တ်ကို ဖြေးဖြေးလေးဆွဲလိုက်တာပါ ဒါပေမဲ့ သူ့ရင်ဘက်ကို ထုထားလို့ နီရဲနေတဲ့ လက်လေးက သူဆွဲလို့ ပိုနာသွားပုံဘဲ အချစ်က မျက်ရည်အဝဲသားနဲ့ ပြောလာတယ် ။


" နောက်တခါ စိတ်လက်မာန်ပါ မလုပ်နဲ့  မင်းထိခိုက်မှာ မလိုချင်ဘူး နားလည်လား "


" နားမလည်ဘူး "


သူသိတယ် ရှောင်ကျန့်က သူ့ကို ဘုကလန့် ပြန်ပြောမယ်ဆိုတာ သိတယ် ။ ဒါက စိတ်ပူလို့ ပြောတာ မင်းကို မင်း ဂရုစိုက်စရာ မလိုဘူး မင်းမထိခိုက်အောင် မောင်က ကာကွယ်ပေးမှာမို့ဘဲ  ။ ရိပေါ်က ဆေးသေတ္တာ ယူကာ လက်ကောက်ဝတ်လေးကို ဆေးပူလူးပေးရင်း ပတ်တီးစီးပေးထားလိုက်သည် ။ ခု ရှောင်ကျန့်ပုံစံက လက်ကျိုးနေတဲ့ လူလိုဘဲ ။ ဒီတိုင်းနာသွားရုံလေးဘဲကို အလောက်ထိ လုပ်ဖို့ မလိုဘူး ထင်တယ် ဒီအရူး ယောကျ်ားကတော့ ။


" ခနလောက်နားမလား ညကလည်း ဖျားထားတယ်ဆိုတော့ စိတ်မကြည်တာ ဖြစ်မယ် "


" မလိုပါဘူး ငါနေကောင်းတယ် "


" ဒါဆို တခုခု စားမလား မောင်လုပ်ပေးမယ် "

" မင်းက ဘာလုပ်တတ်လို့လဲ ခေါက်ဆွဲတောင် မပြုတ်တတ်ဘဲနဲ့များ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now