Part 10

339 53 0
                                    

မနက်အစောကြီး မက်သရူး အိမ်ကို သွားပေမယ့် မက်သရူးက သူ့ကို တစ်ခွန်းမှ မဖြေပါ။ ဘေးအခန်းက မနေ့ညကတည်းက ညတွင်းချင်း Taxi နဲ့ ထွက်သွားတယ်တဲ့။ ရှိသမျှအားတွေ အကုန်ခမ်းသွားသလိုပင်။ မက်သရူးဖုန်းကို ခြေရာခံကြည့်တော့ နောက်ဆုံးနေရာက ဒီတိုက်ခန်းပင်။ သက်ဆိုင်ရာကို အကူညီတောင်းပြီး ဝင်ကြည့်တာအထိ လုပ်ပေမယ့် မက်သရူးရှိရာကို မှန်းနိုင်တဲ့ အခြေအနေမရှိ။

“မလိုချင်တဲ့ အရာတွေ စွန့်လွှတ်တာဘဲ။ ဘာက အဲ့လောက်ခက်ရမှာလဲ” ဆိုတဲ့ စကားကို သတိရတိုင်း ဟန်ဘင်းနှလုံးက ခဏခဏနာတယ်။ ဆော့မက်သရူး ဆိုတဲ့ နာမည်နဲဲ့ ဓာတ်ပုံတွေ ပေးကာ အလွတ်စုံထောက်တွေ ငှားရှာတာအထိလုပ်ပေမယ့် မထူးခြားခဲ့။ လူတွေ တစ်သိန်းလောက်ရှိနေရင်တောင် ပြုံးလိုက်ရင် ထင်းထွက်နေတဲ့ ကောင်လေးကို တော်လှပါတယ်ဆိုတဲ့ စုံထောက်တွေ မရှာနိုင်တဲ့အထိ ဘယ်မှာများ ပုန်းနေခဲ့တာလဲ မက်သရူးရယ်။

လေးလမြောက်နေ့

နယ်ဘက်က ရွာလေးတစ်ရွာရဲ့ လယ်ထဲမှာ ကန်စွန်းဥတွေ ဖော်နေတဲ့ မက်သရူး ပုံလေး။ ဟန်ဘင်း ကားကို မြန်မြန်မောင်းခိုင်းပြီး ထွက်လာခဲ့တယ်။ ရွာကောင်စီရုံးမှာ ကားရပ်ကာ

“ဒီရွာမှာ ဆော့မက်သရူးဆိုတာ ရှိလားဟင်”
“အဲ့ဒီနာမည်နဲ့တော့ မရှိပါဘူး"

ဟန်ဘင်း မျှော်လင့်ချက်တွေ ပျော့ခွေသွားတယ်။ ပြီးမှ

"မရှိတာ မဟုတ်ဘဲ မသိတာများလား"

"ဦးက ဒီရွာသူကြီးကွယ့်။ တရေးနိုးမေးရင်တောင် ရွာကလူတွေ နာမည်အကုန်ရွတ်နိုင်တယ်"

ဟန်ဘင်း မျှော်လင့်ချက်သေးသေးလေးဖြင့်

"ဒီဓာတ်ပုံလေး တစ်ချက်ကြည့်ပေးပါ့လား"

"အာ ဒါ ဆော့ဝူဟျွန်းပဲ။ သိတာပေါ့"

ဟန်ဘင်း ပျော်သွားတယ်။

"သူ အခု ဘယ်မှာရှိလဲဟင်"

ရွာလူကြီးက မက်သရူးရှိမယ့်နေရာကို လမ်းညွှန်ပေးတာမို့ ဟန်ဘင်း လျှောက်လာလိုက်တယ်။ လမ်းတစ်လျှောက်လုံး ရင်ခုန်သံက ဝုန်းဒိုင်းကြဲနေကာ။

Revenge boyWhere stories live. Discover now