အချစ်လေးတွေ ဖတ်ဖို့ !

6.8K 32 9
                                    


ဒီစာကတော့ Chat Story လည်း မဟုတ်သလို ကိုယ်ထန်တဲ့အကြောင်းတွေလည်း ပါမှာမဟုတ်ပါဘူး . ဒီထဲ ဘာတွေရေးချင်လည်းဆိုတော့ ခုတွေ့နေမြင်နေ ရတဲ့ Local leak ဆိုတာတွေနဲ့ ပတ်သတ်ပြီး ကိုယ့် Storyတွေကို ဖတ်ကြတဲ့သူတွေနဲ့ ကိုယ့်အချစ်လေးတွေကို သတိ ပေးချင်တဲ့ , ပြောပြချင်တဲ့ အကြောင်းအရာတွေပဲ ရေးဖြစ်ပါမယ်

ဟိုးအရင် နှစ်နှစ်လောက်တုန်းက ကိုယ်လည်း 18+ ချန်နယ် တစ်ခုလုပ်ဖူးပါတယ် . တင်ဖြစ်တာ အများစုကတော့ Foreign က entertainment အရ ရိုက်ထားတဲ့ porn တွေနဲ့ bdsm videoတွေ . အဲ့တုန်းကလည်း local တွေဆိုပြီး လာပြီး ရောင်းကြတဲ့ သူတွေရှိတယ် (ကိုယ်တော့ အဲ့လိုတွေကို လက်မခံပါဘူး တင်လည်းမတင်ပေးပါဘူး ) . ပြောရရင် သူတို့ကိုယ်တိုင် ရိုက်ထားတာတွေကို မိန်းခလေးဘက်က ခွင့်ပြုချက်မပါပဲ လာရောင်းကြတာမျိုးတွေပေါ့ . သကောင့်သားတွေက ဘယ်လိုတောင် ယုတ်မာကြသလည်းဆိုရင် သူတို့ မျက်နှာ or လူသိစေမဲ့ markတွေကို blur or sticker နဲ့ အုပ်ထားပြီး မိန်းခလေးမျက်နှာကိုကြ ဘာမှ မပါပဲ တင်ပြီး ရောင်းစားတာ . ပြောရရင်တော့ ကိုယ်ကျင့်တရားဆိုတာ ဘာမှန်းမသိတဲ့ အောက်တန်းစားတွေပေါ့ဗျာ.

အဲ့လို လာရောင်းတဲ့သူ အများစုက အရင် ex ကိုမကျေနပ်လို့ အောက်တန်းကျကြတဲ့ သူတွေနဲ့ စော်တွေပတ်စား ချော့ပြောပြီး videoရိုက်ယူထားတဲ့ကြတဲ့သူတွေ .

ဆိုတော့ ပြောချင်တာက အခုမှဗျာ . Online မှာတွေ့ပြီး sextကြတယ်ဆိုရင် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ Identity ကို ပေးမသိတာကောင်းပါတယ် . Identity ဘာလည်း ဆိုရင် ကိုယ့်ရဲ့ Facebook အကောင့် အစစ်လိုမျိုး , ကိုယ်တက်တဲ့ကျောင်း , major , ကိုယ် ဘာအလုပ်လုပ်တယ်ဆိုတာမျိုးတွေပေါ့ ( အသက် , ဘယ်မှာနေလည်းဆိုတာမျိုးကြ ပြောပြလည်း ဘာမှ မဖြစ်ပါဘူး | အသက် 18 , ရန်ကုန်မှာ နေတယ်ဆိုတာမျိုးက သိရင်တောင် ကိုယ်ဘယ်သူမှန်း သိကြမှာမဟုတ် ) . အတတ်နိုင်ဆုံး အဲ့လိုတွေ မေးလာရင်လည်း ပြန်မဖြေတာ or လွဲပြီးပြောတာမျိုးတွေလုပ်ကြပါ . ဒါတွေက ကိုယ်ယုံကြည်တယ်ဆိုပြီး ပြောပြထားတဲ့ တစ်ယောက်ယောက်က ကိုယ့်ကို ခြိမ်းခြောက်တာ , အပြင်မှာ sex ရဖို့ အကျပ်ကိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ် . Video callနဲ့ ပြောကြတယ်ဆိုရင်လည်း ကိုယ့်ရဲ့ လူသိစေမဲ့ မှဲ့ , mark , လက်ဝတ်ရတနာတွေ နဲ့ အရေးကြီးဆုံး မျက်နှာ မပြဖို့ပါပဲ . တစ်ကိုယ်လုံး ပြချင်တယ်ဆိုရင်လည်း mask တပ်ထားတာ ပိုကောင်းပါတယ် . တစ်ဖက်က ကိုယ်နဲ့ ပြောနေတဲ့ video call ကို record လုပ်ထားတာမျိုးက ရှိနိုင်ပါတယ် . ပြီးတော့ ကိုယ့်ရဲ့ nude တွေပို့မယ်ဆိုရင်လည်း မျက်နှာနဲ့ ကိုယ့် Private parts တွေ တွဲပြီး မရိုက်မိဖို့က အရေးကြီးပါတယ် . ဒါတွေက ပြန့်သွားရင် ကိုယ်ပဲ အရှက်ကွဲရမှာမို့လို့ အတတ်နိုင်ဆုံး ကိုယ့်ဘက်က ဉာဏ်နဲ့ ဆင်ခြင်ရမဲ့ ကိစ္စတွေပါ .

အတွဲတွေ အနေနဲ့လည်း ကိုယ့်ဘဲက လွမ်းရင် ကြည့်ဖို့ဆိုပြီး video ရိုက်ချင်တယ်လို့ တောင်းဆိုလာခဲ့ရင်လည်း မျက်နှာတွေမပါဖို့ အရေးကြီးတယ်. ( Homemade တွေ ပြန့်သွားလည်း ဘာကိစ္စမှ မရှိ or ပြန့်သွားစေချင်တဲ့ အတွဲတွေကတော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ ). တစ်ကယ်လို့ ကိုယ့်ဘက်က ကိုယ့်ဘဲလေးကို အလိုလိုက်ပြီး လက်ခံပြီး ရိုက်စေချင်တယ်ဆိုရင်လည်း Robber mask or thief mask တွေစွပ်ပြီး စိတ်ကြိုက်သာ ရိုက်ကြပါ :3 .

ဆိုတော့ အတိုချုံ့ရရင်တော့ အချစ်လေးတို့အနေနဲ့ ထန်ကြမယ်ဆိုရင်တောင် Safe, Smart ဖြစ်ဖြစ်နဲ့ ထန်ကြဖို့ပဲ ပြောချင်ပါတယ်

Don't let a bad decision about sex change your life forever

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Jul 14, 2023 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

ဖာသည်မများနှင့် တွေ့ဆုံခြင်းKde žijí příběhy. Začni objevovat