part 1

205 39 15
                                    

ဘေးပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေသလောက် ခြံဝန်းတစ်ခုတွင်အသံစာစာနဲ့အကိုဖြစ်သူကို ဆရာလုပ်နေတဲ့အသံကတော့ ဆူညံလို့နေသည်။ဤအိမ်သည်...

"ပန်းရောင်အလုံးလေးကို ဟိုဘက်ရွေ့လိုက် ရွေ့လိုက်လို့"

"တိတ်တိတ် နေစမ်းပါ ထယ်ထယ်ရာ နားတွေအူလာပြီကွ"

"Hyung ကပြောတာနားထောင်လေ ရွေ့လိုက်လို့ပြောနေတာကို ရွေ့လိုက်ပေါ့"

"ဟ ငါ့ဟာငါရွေ့ချင်တာရွေ့မှာပေါ့ မင်းဆရာဝင်မလုပ်နဲ့ ငါမင်းထက် အရင်ထမင်းပိုစားလာတာ"

"ထမင်းပိုစားလာလဲ ဂိမ်းဆော့တဲ့နေရာမှာ ချာတူးလန်ပြီးရှုံးတာပဲလေ"

"ဘာကွ မင်း မင်းတော့နော် ငါလုပ်လိုက်ရ မကောင်းရှိတော့မယ်"

"ကလေးတွေဆော့တဲ့ candy crush ကိုတောင် နိုင်အောင်မဆော့နိုင်တဲ့သူကများ"

ကလေးတွေဆော့တဲ့ candy crush ကိုတောင်နိုင်အောင်မဆော့နိုင်ဘူးပြောတဲ့သူ အသက်က 7နှစ်ပဲရှိသေးတာ ဒီကောင်မေ့နေတာတော့မဟုတ်ဘူးမှတ်လား...

"ရားးး ငါဒေါကထွက်လာပြီနော် ငါမလုပ်ခင်မင်း ငါ့နားကထွက်သွားတာကောင်းမယ်နော် ကင်မ်ထယ်ယောင်း"

"အဲအဲ ရှုံးမဲမဲနေတဲ့ ကိုကိုနမ်ဂျွန်းကြီး ကရော်ကရော်"

ဟုတ်ပါတယ် ညီအစ်ကိုနှစ်ယောက် candy crush ဆော့ပြီး ရန်ဖြစ်နေကြတဲ့အသံပါ...

"ဂါးး သွားလိုက်တော့ဟေ့ကောင်"

"သွားမှာပါ နှင်မထုတ်ပါနဲ့"

ထိုအချိန် တဖက်ခြံတို့ပြောင်းလာတဲ့ကားတစ်စီးထဲက ကောင်လေးကတော့ ငိုမဲ့မဲ့ဖြစ်နေလေရဲ့...

"သားငယ် မျက်နှာကဘာအလိုမကျပြန်တာတုန်း"

"မေမေကလဲ ဒီမှာမနေချင်ပါဘူးဆို အရင်အိမ်မှာပဲပြန်နေရအောင်နော် မေမေနော်လို့"

"မဆိုးစမ်းနဲ့သားငယ် မေမေမဆူချင်ဘူးနော်"

"မေမေကလဲ"

"မေမေကမလဲနဲ့ ကားနားမှာငြိမ်ငြိမ်နေဦးနော် မေမေ မင်းဖေဖေကိုကူလိုက်ဦးမယ်"

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

He Is My Brother Where stories live. Discover now