ep(30)

2.5K 153 2
                                    

🖤 CAN'T LOSE YOU 🖤




ep(30)



" သခင်မကြီး အရှေ့မှာ အကိုလေး၀မ်ရဲ့ ကားတွေ့ပြီး လူတွေက ဘယ်ရောက်ကုန်ကြလဲ မသိဘူး "


ရှောင်းမားနဲ့ Rena အိမ်ပြန်ရောက်တော့ တိတ်ဆိတ်နေတဲ့ အိမ်ဧည့်ခန်းအခြေနေကြောင့်  အထဲမှာ လူရှိရဲ့လားတောင်တွေးမိသွားတယ် ။ သို့ပေမဲ့ အရှေ့မှာလည်း သူ့သားမက်ရဲ့ ကားကိုတွေ့တယ် အိမ်တံခါးလည်း ဖွင့်ထားတယ်ဆိုတော့ ပြန်မသွားလောက်သေးဘူးမလား ။  Rena ကို အပေါ်ထပ် တက်ကြည့်ခိုင်းဖို့လည်း မသင့်တော်တာကြောင့် သူမဘဲ အော်ခေါ်ဖို့ ပြင်ရတော့သည် ။


" သားငယ်  !  ကျန့်ကျန့် "

" သခင်မကြီး Rena ဘဲ အပေါ်တက်ကြည့်လိုက်ရမလား "

" အယ် မဖြစ်ပါဘူးအေ နင်တို့ အကိုလေး တယောက်ထဲဆို ကိစ္စမရှိပေမဲ့ သူ့အမျိုးသားပါ ရှိနေရင် မသင့်တော်ဘူးလေ "

ရှောင်းမားတယောက် ဆိုဖာပေါ် ၀င်ထိုင်ပြီး Rena ယူလာပေးတဲ့ ရေအေးအေး တခွက်ကို တချိုင့်ထဲ မော့သောက်လိုက်သည် ။

" ဒါဆို Rena ပစ္စည်းတွေ သွားသိမ်းလိုက်ပါအုံးမယ်နော် သခင်မကြီး "

" အင်း သွားလိုက်လေ ဟို2ယောက်ကို သွားကြည့်လိုက်အုံးမယ်  "

မသင့်တော်ပေမဲ့လဲ ခေါ်လို့မရတော့ ရှောင်းမားတယောက် အပေါ်ထပ်က သားငယ်ရဲ့ အခန်းရှေ့ ရောက်လာခဲ့ပြီ  ။ မားက တံခါးကို တန်းမဖွင့်ဘဲ အရင်ခေါက်လိုက်သည် ။

" သားငယ်  အထဲမှာ ရှိလား "

အခန်းပြင်က တံခါးခေါက်သံနဲ့ အတူ မားရဲ့အသံကြောင့် ရှောင်ကျန့်တယောက် ဗလာကျင်းနေတဲ့ ဟိုလူရဲ့ ရင်ဘက်ကို စောင်ဆွဲအုပ်ပေးလိုက်တယ်  ။ တော်သေးတာပေါ့ သူ့တို့ ဆက်ဆံပြီးကလည်းက သန့်ရှင်းရေး ထလုပ်ထားလို့ ဟိုလူကတော့ အိပ်နေတာ သိုးလို့ သူတော်တော် ပင်ပန်းသွားရှာတယ် ငါ-ိုးမ အယုတ်တမာ ယောကျ်ား  ။  ရှောင်ကျန့် အမြန်ဘဲ ကုတင်ပေါ်က ဆင်းသွားပြီး တံခါး သွားဖွင့်ပေးလိုက်တယ် ။

" ဗျာ မား "

" အော် သားက ဒီမှာဘဲ သားမက်လေး ရောက်နေတာလား "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now