ep(31)

2.4K 154 2
                                    

🖤CAN'T LOSE YOU 🖤





ep(31)





ရိပေါ် ဒေါသ ထွက်တဲ့ အချိန်တိုင်း ရှောင်ကျန့် သိပ်ကြောက်သည် ။ ကားပေါ်က ဆင်းတဲ့ဆို ခပ်တင်းတင်းသူ့လက်ကို ဆွဲခေါ်လာတဲ့ လူကြောင့် ရှောင်ကျန့် မျက်ရည်ဝဲနေရသည် ။ သူ့လက်နာနေပါတယ်ဆို အရမ်းအရမ်းဆွဲနေတယ် 🥺


" နာတယ်လို့ ဘာလို့ အတင်းဆွဲနေတာလဲ 🥺 "


ရိပေါ်က သူ့လက်ကို ဆွဲလာပြီး ဧည့်ခန်းဆိုဖာပေါ် ပစ်ချလိုက်တာ သူ့မှာအပုံလိုက်လေး ထိုင်ရက်သွား ကျသွားရတယ် ။ အရမ်းရမ်း လုပ်နေ​ေတာ့တာဘဲ လူကို ။


" မင်းပြော ဘာလို့ ငါမရှိတဲ့အချိန် အပြင်သွားတာလဲ မင်းကို ဘယ်သူ ခွင့်ပြုတာလဲ !!"

ရိပေါ်က ထိုင်နေတဲ့ သူ့ရဲ့ ပုခုံးကို ခပ်တင်းတင်းဆွဲညှစ်ပြီး မေးနေတာမို့ ရှောင်ကျန့် ငိုချင်နေတာကို မနဲ ထိန်းထားရတယ် ရိပေါ်အလောက်ထိ ဒေါသ ထွက်တာမျိုးကို သူတခါမှ မမြင်ဖူးသေးဘူး ။



" အိမ်မှာ တယောက်ထဲ ပျင်းနေလို့ စျေး၀ယ်သွားတာ ပြီးတော့ တယောက်ထဲမှ မဟုတ်တာ သူငယ်ချင်းလည်း ပါတယ်လေ "

" ဘယ်သူ ခွင့်ပြုတာလဲ "


" ငါက အပြင်သွားတာကို ဘယ်သူ့ဆီက ခွင့်ပြုချက်ယူရမှာလဲ "


" ငါ့ကို ပြောသင့်တယ်လို့ မထင်ဘူးလား "

" နေရာတကာ လိုက်ပြောပြီး ခွင့်ပြုချက် ယူနေရအောင် ခင်းဗျားက ငါ့အဖေလား "


" အေး မင်းအဖေတော့မဟုတ်ဘူး မင်းလင်လေ မင်းကို × နေတဲ့ လင်မို့လို့ ငါ့ဆီက ခွင့်ပြုချက်တောင်းရမယ် "


" ၀မ်ရိပေါ် !!!! ခင်ဗျား ဘာလို့ မိုက်ရိုင်းနေတာလဲ !!! "

" ငါ့ကို ရိုင်းအောင် မင်းလုပ်နေတာ မဟုတ်ဘူးလား ရှောင်ကျန့် ခု ငါသာ ရောက်မလာရင် မင်း အဲ့ကောင်ကုတင်ပေါ် ရောက်နေလောက်ပြီ ကျစ် !!! "



" အရိုင်းစိုင်းကောင် လျှောက်ပြောနေတာ ရပ်လိုက်တော့ !! ငါအဲ့ဒီလူကို သိလည်း မသိဘူး မြင်လည်း မဖြင်ဖူးဘူး သူ့ဟာသူ ငါ့လက်ကို အတင်းလာဆွဲနေတာ ပြီးတော့ ငါက တွေ့ကရ လူနဲ့ လျှောက်အိပ်နေတယ်လို့ ခင်ဗျား ထင်နေတာလား ဟမ် !! လူယုတ်မာရီးရဲ့ 😭"


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now