Part 3 (Final)

7 3 0
                                    

"ကဲ ရောက်ပါပီ"

သူမအတွေးတွေကို လက်စသတ်လိုက်ပီး ထိုလူရဲ့စကားကို အသိမှတ်ပြုသည့်ပမာ
ခေါင်းငြိမ့်ပြလိုက်သည်

နောက်တော့ သူမမျက်စိရှေ့မှာတွေ့လိုက်ရတဲ့
မြင်ကွင်းဟာ မယုံနိုင်စရာကောင်းလှသည်
သူမ ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်လောက်အောင် လှသည်
ထိုနေရာသည် အရမ်းလှသည်.......

ကစားကွင်းထဲတွင် ရယ်သံအချို့ဟာ
လွှင့်ပြန့်နေခဲ့သည်
သြရှရှ ရယ်သံတစ်ချို့နဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရယ်သံပေါ့......
ထိုကောင်လေးဟာ သူ့ရဲ့အဖြူလုံးလေးကို တစ်စိမ့်စိမ့် ကြည့်နေခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိခဲ့ပါ.......

ထိုလူခေါ်ဆောင်ရာနောက်ကို လိုက်ပီး ကစားစရာတွေတစ်ခုပီးတစ်ခု ဆော့ခဲ့ ကစားခဲ့သည် ထိုလူနှင့် အတူတူ အခုလိုနေနေရသည်မှာ ပျော်စရာကောင်းလှသည်
နောက်တော့ ထိုလူက

"ဟို rollercoaster သွားစီးရအောင် အချိန်လဲမနည်းတော့ဘူး ပီးရင်ပြန်ရအောင်နော်"

"ဟုတ် သွားစီးကျမယ်လေ"

သူမ မနိုးထချင်တော့ပါ ထိုလူနဲ့အတူ အချိန်လေးနည်းနည်းလောက် ပိုနေချင်သေးသည်
သူမ နည်းနည်းလောက် လောဘတက်မိသည် ထိုလူအပေါ်ကိုပေါ့..........

ရုတ်တရက် ထိပ်ဆုံးနေရာမှာ သူမတို့ စီးနေတဲ့ rollercoaster ဟာလေးဟာ ရပ်သွားခဲ့တယ် ပီးနောက် ထိုလူဟာ

"အခုလိုလေးခနနေရအောင် အပေါ်ကနေ
ကြည့်ရင် view ကအရမ်းလှတာ တွေ့လား"

ခနတာငြိမ်သက်သွားတဲ့အခိုက်အတန့်.......
ထိုလူကိုသူမကြည့်လိုက်မိသည့်
ချောလိုက်ဟာ လူတစ်တစ်ယောက်ကအဲ့လောက်ချောဖို့လိုလို့လား
သူမ သူ့အနားကိုတိုးထိုင်လိုက်မိသည်တဖြည်းဖြည်းပိုတိုးလာသည့်
လိုချင်တပ်မက်မှု........
လိုချင်သည် ထိုလူကို သူမအပိုင်အဖြစ် တံဆိပ်ခတ်ထားလိုက်ချင်သည်
သူမ အရမ်းလောဘကြီးနေမိပီလား

တွေရတာ တစ်နေ့တောင်မပြည့်သေးတဲ့လူအပေါ် သူမဟာ ရူးသွပ်နေမိပီ သူမ ကိုယ်ဟာကိုယ်သိပင်မယ့် ခံစားချက်တွေကို ထိန်ထားလို့မရခဲ့ပါ ဒါဟာ အိမ်မက်ဘဲမလား.........

Dream Where stories live. Discover now